Food & Travel: အိုလံပစ်ကစားသမားတွေရဲ့ နေ့စဉ်စားသောက်မှုပုံစံ

, updated

ပြိုင်ပွဲဝင်တွေအတွက် အစားအသောက်ကလည်း အရေးပါပါတယ်။

play

 

အိုလံပစ်ချန်ပီယံတွေ ဘာတွေစားသောက်နေသလဲလို့ သင်တွေးဖူးပါသလား။ ချန်ပီယံတွေအတွက် လေ့ကျင့်မှုတွေက ခက်ခဲကြမ်းတမ်းလှသလို အစားအသောက်ကိုလည်း အာဟာရဖြစ်အောင် စနစ်တကျ စားသောက်ရပါတယ်။

၁။ မိုက်ကယ်ဖဲစ် - ရေကူးသမား (ရွှေတံဆိပ် ၁၉ ဆု၊ ငွေတံဆိပ် ၂ ဆု၊ အိုလံပစ်ကြေးတံဆိပ် ၂ ဆု)

play

 

အဓိက စားတဲ့ အစားအစာ - ပီဇာ၊ အီတလီခေါက်ဆွဲ၊ ကြက်ဥ

အစာစားတဲ့ အကြိမ်အရေအတွက် - တစ်နေ့ ၅ ကြိမ်

သာမန်လူတစ်ယောက် တစ်နေ့တာ စားသင့်တဲ့ပမာဏလောက်များတဲ့ တစ်နပ်စာကို ၃ နပ် စားရပါတယ်။

၂။ ကာလီလွိုက်ဒ် - ဘောလုံးသမား (အိုလံပစ်ရွှေတံဆိပ်ဆု ၂ ဆု)

play

 

အဓိကစားတဲ့အစားအစာများ - ကြက်ဥ၊ အသီးဖျော်ရည်၊ ကြက်သား၊ ငါးသုပ်

အစာစားတဲ့ အကြိမ်အရေအတွက် - တစ်နေ့ ၃ ကြိမ်

စားတဲ့ပမာဏ - တစ်နေ့ ကယ်လိုရီ ၂,၅၀၀ ကနေ ၃,၀၀၀ အတွင်း

၃။ မိုဖာရာ - တာဝေးအပြေးသမား (အိုလံပစ်ရွှေတံဆိပ်ဆု ၂ ဆု)

play

 

အဓိကစားတဲ့အစားအစာများ - အီတလီခေါက်ဆွဲ၊ အသီးအရွက်ပြုတ်၊ ကြက်ကင်

အစာစားတဲ့ အကြိမ်အရေအတွက် - တစ်နေ့ ၃ ကြိမ်

စားတဲ့ပမာဏ - တစ်နေ့ ကယ်လိုရီ ၃,၅၀၀

၎။ ယူစိမ်းဘို့တ် - တာတိုအပြေးသမား (အိုလံပစ်ရွှေတံဆိပ်ဆု ၆ ဆု)

play

 

အဓိကစားတဲ့အစားအစာများ - ကြက်သား သို့မဟုတ် ငါး

အစာစားတဲ့ အကြိမ်အရေအတွက် - တစ်နေ့ ၃ ကြိမ်

တစ်နေ့တာ စားတဲ့ပမာဏ - ခန္ဓာကိုယ်အလေးချိန် တစ်ပေါင်ကို တစ်ဂရမ်နှုန်း

၅။ ဟယ်လင်ဂလပ်ဘာ - လှေလှော်အားကစားသမား (အိုလံပစ်ရွှေတံဆိပ်ဆု ၁ ဆု)

play

 

အဓိကစားတဲ့အစားအစာများ - အသီးအနှံ၊ အသီးအရွက်၊ ဒိန်ချဉ်နဲ့ ဂျုံ၊ ငါး

အစာစားတဲ့ အကြိမ်အရေအတွက် - တစ်နေ့ ၄ ကြိမ်နဲ့ လေ့ကျင့်ရေးဆင်းပြီးနောက် အနည်းငယ်စား

စားတဲ့ပမာဏ - တစ်နေ့ ကယ်လိုရီ ၃,၀၀၀ ကနေ ၄,၀၀၀ အထိ

၆။ အန်သိုနီဂျိုရအာ - ဟဲဗီးဝိတ်လက်ဝှေ့သမား (အိုလံပစ် ရွှေတံဆိပ်ဆု ၁ ဆု)

play

 

အဓိကစားတဲ့အစားအစာများ - ပရိုတင်းရှိတ်၊ ကြက်သား၊ ချိစ်

အစာစားတဲ့ အကြိမ်အရေအတွက် - တစ်နေ့ ၈ ကြိမ်

စားတဲ့ပမာဏ - တစ်နေ့ ကယ်လိုရီ ၁,၈၀၀ မှ ၄,၀၀၀ အထိ

တစ်နေ့ကို ကယ်လိုရီ  ၁,၀၀၀ လောင်ကျွမ်းတဲ့ မိုက်ကယ်ဖဲစ်ကလွဲလို့ တခြားသူတွေရဲ့ စားသုံးမှုက ပုံမှန်ပဲ ဖြစ်ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ