Food & Travel: ခွာလို့လွယ်အောင် ကြက်ဥကို ဘယ်လိုပြုတ်မလဲ

ရေခဲသေတ္တာထဲမှာလို ထောင်ထားတဲ့ပုံစံမျိုးဆိုရင် မဖြစ်ပါဘူး။

play

 

အဆင့် ၁

ခုနှစ်ရက် ရှစ်ရက်လောက်ဟောင်းနေတဲ့ ကြက်ဥကို ပြုတ်ရင် ခွာရတာ ပိုပြီးလွယ်ပါတယ်။ ဟောင်းတဲ့ကြက်ဥမှာက  alkaline ပိုများတာကြောင့် ဖြစ်ပါတယ်။

အဆင့် ၂

play

 

အနှစ်က ဘေးဘက်ရောက်နေတာမဟုတ်ဘဲ အလယ်တည့်တည့်မှာ ရှိချင်တယ်ဆိုရင်တော့ ကြက်ဥတွေကို နှစ်ညလောက်လှဲထားရမှာ ဖြစ်ပါတယ်။ ရေခဲသေတ္တာထဲမှာလို ထောင်ထားတဲ့ပုံစံမျိုးဆိုရင် မဖြစ်ပါဘူး။

အဆင့် ၃

မပြုတ်ခင် ရေအေးထဲမှာ စိမ်ထားပါ။ ပြုတ်တဲ့အခါ ရေအေးထဲကနေထုတ်ပြီး ရေပူထဲ ထည့်လိုက်ပါ။

အဆင့် ၎

play

 

ပြုတ်မယ့်ရေထဲ မုန့်ဖုတ်ဆော်ဒါ တစ်ဇွန်းစာလောက်ထည့်လိုက်ပါ။ ဒါဟာ alkaline  ကိုပိုမြင့်တက်လာစေပြီး ခွာရတာ ပိုလွယ်လာပါတယ်။

အဆင့် ၅

play

 

ပြုတ်မယ့်အိုးက နေရာကျယ်ဝန်းဖို့ အရေးကြီးပါတယ်။ ကြက်ဥတွေအများကြီး ပြွတ်သိပ်ထည့်ထားရင် အကျက်မညီဘဲ ဖြစ်တတ်ပါတယ်။

Photos & Source: Wonder How To

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ