Food & Travel: ဘီယာသမားတွေ သိသင့်တဲ့ အချက် (၄)ချက်

ဘီယာမှာ ရန်သူသုံးမျိုးရှိပါတယ်။

play

 

၁ - အေးလွန်းရင်မကောင်း

ဘီယာတကယ်ကောင်းရင် တအားကြီးအေးနေလို့မရပါဘူး။ တအားအေးလွန်းတာဟာ ဘီယာကောင်းရဲ့အနံ့အရသာကို ဖုံးလွှမ်းသွားပါတယ်။ ဒါပေမဲ့ ဘီယာညံ့ညံ့ကို သောက်မယ်ဆိုရင်တော့ အေးလေကောင်းလေပါပဲ။ တော်ရုံ ဆိုးတာလောက်ကို အေးနေတာကြောင့် မသိတော့ပါဘူး။။

၂ - အပူချိန်

ဘီယာကောင်းတွေဟာ ၄၄ ဒီဂရီ ဖာရင်ဟိုက်ထိ မအေးသင့်ပါဘူး။ စတောက်စ် ဘီယာဆိုရင်တော့ ၅၅ ဒီဂရီဖာရင်ဟိုက်လောက်ထိ ရပါတယ်။

play

 

၃ - ရန်သူသုံးမျိုး

ဘီယာမှာ ရန်သူသုံးမျိုးရှိပါတယ်။ အပူ၊ လေနဲ့ အလင်းတို့ဖြစ်ပါတယ်။ မအေးတဲ့ ဘီယာကိုသောက်ရတာဟာ ဘယ်လောက်ဆိုးတယ်ဆိုတာ သိပြီးသားဖြစ်ပါတယ်။ လေနဲ့ထိတွေ့တဲ့အခါ ဘီယာဟာ အနံ့၊ အလေးအပင်နဲ့ သူ့ရဲ့ဖွဲ့စည်းပုံ ပျက်ပြယ်သွားတာ မြန်ပါတယ်။ အလင်းနဲ့ ထိတွေ့တဲ့အခါ သူ့မှာပါဝင်တဲ့ ဓာတ်ပေါင်းတွေ ပြိုကွဲသွားတာမြန်ပါတယ်။ သုတေသနတစ်ခုအရ အလင်းနဲ့ ထိတွေ့တဲ့အခါ MBT (3-methyl-2-butene-1-thiol) လို့ခေါ်တဲ့ ဓာတ်တစ်မျိုးထွက်လာပြီး အရသာဆိုးစေပါတယ်။

play

 

၎ - ဘူးကိုရွေး

ဘီယာကို သိုလှောင်ထားဖို့ ပုလင်းထက် ဘူးက ပိုကောင်းပါတယ်။

Photos & Source: Wonder How To

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ