Food & Travel: လူသိနည်းတဲ့ သပြေသီးရဲ့အကျိုးကျေးဇူး (၆) ခု

နနွင်းနဲ့ သပြေသီးနှစ်ကိုရောပြီးလိမ်းရင် အရေပြားပေါ်က အနာရွတ်တွေ၊ အစက်အပြောက်တွေ ပျောက်ပါတယ်။

 

သပြေသီးကို စားတာ နည်းပေမဲ့ စပျစ်သီးလိုပဲ သူကလည်း ဗီတာမင်ဓာတ်တွေ ကြွယ်ပါတယ်။

၁ - သံဓာတ်

သပြေသီးမှာ သံဓာတ်ကြွယ်ဝတာကြောင့် သွေးအားကောင်းပြီး အသားအရေကို ကြည်လင်စေပါတယ်။ အရေအပြားပေါ်က အစက်အပြောက်မျိုးတွေကို ဖယ်ရှားနိုင်ပါတယ်။ အမျိုးသမီးတွေအတွက် အထူးသင့်လျော်ပါတယ်။

၂ - အစာချေစနစ်

ဗီတာမင် အေနဲ့ စီလည်း များပြားပါတယ်။ ဗိုက်ထဲမအီမသာဖြစ်တာ၊ ဝမ်းကိုက်တာနဲ့ စတဲ့ အစာခြေစနစ်ဆိုင်ရာ ရောဂါတွေကို ကုသရာမှာ အထောက်အကူပြုပါတယ်။

 

၃ - မျက်လုံး

အထူးသဖြင့် မျက်လုံးအားနည်းသူတွေ စားသင့်ပါတယ်။ မျက်လုံးအိမ်မှာတွေ့ရတဲ့ collagen တွေအပါအဝင် ခန္ဓာကိုယ်က တစ်ရှူးတွေကို ထိန်းသိမ်းရာမှာ များစွာအထောက်အကူဖြစ်ပါတယ်။ ဗီတာမင်စီကြွယ်ဝခြင်းဟာ မျက်လုံးအတွက် အားဆေးတစ်ခွက်ဖြစ်ပါတယ်။

၎ - သွား

သပြေသီးနှစ်ကို သွားဖုံးသွေးယိုတဲ့အခါ အသုံးပြုတာမျိုးရှိပါတယ်။ အာရှနိုင်ငံအချို့မှာ သပြေရွက်ကို ပြာချပြီး သွားတိုက်ကြပါတယ်။

 

၅ - အနှစ်

နှစ်လကနေ လေးလထိ သပြေသီး ပုံမှန်စားပေးရင် သွေးလွန်သွေးမတိတ်တဲ့ ပြဿ     နာတွေကို သက်သာစေပါတယ်။

၆ - နနွင်း

နနွင်းနဲ့ သပြေသီးနှစ်ကိုရောပြီးလိမ်းရင် အရေပြားပေါ်က အနာရွတ်တွေ၊ အစက်အပြောက်တွေ ပျောက်ပါတယ်။

Photos & Source: Zee News, expertscolumn

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ