Food & Travel: ကလေးတွေ သဘောကျတဲ့ ဟောင်ကောင်မှ ယုန်ကဖေး

ဟောင်ကောင်မှာ ယခင်ကလည်း ကြောင်များ မွေးမြူထားတဲ့ ကြောင်ကော်ဖီဆိုင်တွေ ရှိခဲ့ပြီး ယခု ယုန်ကော်ဖီဆိုင်ကတော့ ပထမဆုံး ဖြစ်ပါတယ်။

play


ဟောင်ကောင်မှာ ဖွင့်လှစ်ထားတဲ့ ကော်ဖီဆိုင်တစ်ဆိုင်မှ ယုန်လေးများက ကော်ဖီလာသောက်တဲ့ မိသားစုတွေရဲ့ ကလေးငယ်တွေ သဘောကျစရာ ဖြစ်နေပါတယ်။

play


ကော်ဖီဆိုင်ပိုင်ရှင်က ဟောင်ကောင်မှာ အိမ်ခန်းနေရာ အခက်အခဲကြောင့် အိမ်မွေးတိရစ္ဆာန် မမွေးနိုင်တဲ့ မိသားစုတွေအတွက် ယုန်လေးတွေနဲ့ တွေ့ဆုံခွင့်ရစေရန် ဖန်တီးထားတာလို့ ဆိုပါတယ်။

play


Rabbit Land ယုန်ကော်ဖီဆိုင်မှာ မွေးမြူထားတဲ့ ယုန်အများစုဟာ မူလပိုင်ရှင်တွေက စွန့်ပစ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဟောင်ကောင်မှာ ယခင်ကလည်း ကြောင်များ မွေးမြူထားတဲ့ ကြောင်ကော်ဖီဆိုင်တွေ ရှိခဲ့ပြီး ယခု ယုန်ကော်ဖီဆိုင်ကတော့ ပထမဆုံး ဖြစ်ပါတယ်။

play


ဂျပန်မှာ ဖွင့်လှစ်ထားတဲ့ ယုန်ကော်ဖီဆိုင်ကို အတုယူခဲ့ကြောင်း ကော်ဖီဆိုင်ပိုင်ရှင်က ပြောပါတယ်။ ယုန်ကော်ဖီဆိုင်မှာ ယုန်လေးတွေနဲ့ တွေ့တဲ့အခါ ယုန်လေးတွေကို ပွေ့ချီခြင်းမပြုလုပ်ဖို့နဲ့ သူတို့ရဲ့ နားရွက်တွေကို မဆွဲဖို့ အပါအဝင် လိုက်နာရမယ့် စည်းကမ်းအချို့ကို သတ်မှတ်ထားပါတယ်။

play


ဒီ စည်းကမ်းသတ်မှတ်ချက်တွေကို မလိုက်နာသူကို ဆိုင်ကနေထွက်သွားရန် ပြောကြားမှာဖြစ်တယ်လို့ ကော်ဖီဆိုင်ပိုင်ရှင်က ဆိုပါတယ်။
Source & Photo:

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ