Food & Travel: အဆီများတဲ့ ငါးကို စားခြင်းက ဆီးချိုသွေးချိုကြောင့်ဖြစ်တဲ့ အမြင်အာရုံချို့တဲ့နိုင်မှုကို လျော့ချပေးနိုင်

လေ့လာမှုမှာ လူပေါင်း ၃၆၁၄ ယောက်ပါဝင်ခဲ့ပါတယ်။

play

 

အဆီများတဲ့ ငါးကို တစ်ပတ်နှစ်ကြိမ်စားခြင်းဟာ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေမှာ ဖြစ်တတ်တဲ့ ဆီးချိုသွေးချိုကြောင့် အမြင်အာရုံချို့ယွင်းနိုင်မှုကို လျော့ကျစေတယ်လို့ သုတေသနတစ်ခုက ပြောကြားပါတယ်။

အဆိုပါသုတေသနကို စပိန်နိုင်ငံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး JAMA Ophthalmology ဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အဆီများတဲ့ ငါးမှာ ပါတဲ့ omega-3 polyunsaturated fatty acids ပေးကာ စမ်းသပ်ခဲ့တာဖြစ်ပြီး Omega 3 ပိုမိုရရှိသူ ၄၈ ရာခိုင်နှုန်းဟာ ဆီးချိုသွေးချိုကြောင့်ဖြစ်တဲ့ အမြင်အာရုံချို့တဲ့မှုကို ပိုမိုလျော့ကျတာ ဖြစ်ပါတယ်။

play

 

 လေ့လာမှုမှာ လူပေါင်း ၃၆၁၄ ယောက်ပါဝင်ခဲ့ပြီး ဆီးချိုရောဂါ Type 2 ရှိသူတွေဖြစ်ကာ လေ့လာချိန်ဟာ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၉ နှစ်ထိ ကြာမြင့်ခဲ့ပါတယ်။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ