Food & Travel: ကမ္ဘာ့အမြင့်ဆုံးနဲ့ အရှည်ဆုံး ဖန်သားပြင်တံတား တရုတ်မှာ ဖွင့်လှစ်

ဖန်သားပြင်တံတားကို တစ်ရက်လျှင် ဧည့်သည် ၈,၀၀၀ အထိ အများဆုံး လာရောက်ကြည့်ရှု ဖြတ်သန်းနိုင်ပါတယ်။

play


ကမ္ဘာ့အမြင့်ဆုံးနဲ့ အရှည်ဆုံး ဖန်သားပြင်တံတားကို တရုတ်နိုင်ငံမှာ လာရောက်လည်ပတ်သူတွေအတွက် သြဂုတ် ၂၀ ရက်မှာ စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

play


တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်ရှိ တောင်စောင်းနှစ်ကြား ဆက်သွယ်ထားတဲ့ ဖန်သားပြင်တံတားကို မြေပြင်မှ ၉၈၄ ပေ အမြင့်မှာ တည်ဆောက်ထားပါတယ်။

play

play


ဖန်သားပြင်တံတားဟာ အရှည်ပေပေါင်း ၁၄၁၀ ရှိပြီး ၁၉ ပေ ကျယ်ဝန်းကြောင်း သိရပါတယ်။ တံတားရဲ ခံနိုင်ဝန်အားမှာ တစ်ပြိုင်နက်တည်း လူ ၈၀၀ ဖြတ်သန်းသွားလာနိုင်တယ်လို့ ဆိုပါတယ်။

play


ဖန်သားပြင်တံတား တည်ဆောက်မှု ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၃.၄ သန်းဖြစ်ပြီး အစ္စရေး ဗိသုကာကုမ္ပဏီ Haim Dotan က ဒီဇိုင်းရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

play


တောင်စောင်းနှစ်ခုကြားက ဖန်သားပြင်တံတားကို သြဂုတ် ၁၈ ရက်မှာ သတင်းမီဒီယာနဲ့ အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တွေကို ဖိတ်ခေါ်ပြီး တံတားမှာ အသုံးပြုထားတဲ့ ဖန်သားပြင်နဲ့ တံတားရဲ့ခံနိုင်ရည်ကို စမ်းသပ်ပြသခဲ့ပါတယ်။

play

play


တာဝန်ရှိသူတွေရဲ့ အဆိုအရ ဖန်သားပြင်တံတားကို တစ်ရက်လျှင် ဧည့်သည် ၈,၀၀၀ အထိ အများဆုံး လာရောက်ကြည့်ရှု ဖြတ်သန်းနိုင်ကြောင်း သိရပါတယ်။
Source & Photo: Xinhua/Long Hongtao

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ