Food & Travel: ဗိုက်ပြည့်နေချင်ရင် စားသင့်တဲ့အစားအစာ (၄) မျိုး

ခဏခဏ ဗိုက်ဆာတတ်သူတွေကတော့ ဒါတွေစားဖို့လိုပါတယ်။

play

 

၁။ အာလူးမီးဖုတ်

အာလူးမှာ ကာဘိုဟိုက်ဒြိတ်တွေ အများကြီးပါဝင်တာကြောင့် ဝိတ်တက်မှာကြောက်သူတွေက ရှောင်ကြပါတယ်။ ဒါပေမဲ့ ဗီတာမင်၊ အမျှင်ဓာတ်နဲ့ အာဟာဓာတ်တွေပါတဲ့အာလူးကို မီးဖုတ်တာဖြစ်စေ ပြုတ်ထားတာဖြစ်စေ စားပေးသင့်ပါတယ်။ အာလူးမီးဖုတ်တစ်လုံးလောက် စားထားလိုက်ရင် တော်တော်နဲ့ဗိုက်ဆာတော့မှာမဟုတ်တော့ပါဘူး။

play

 

၂။ ပဲစွပ်ပြုတ်

ပဲအမျိုးမျိုးကို စွပ်ပြုတ်လုပ်သောက်ရင်လည်း ဗိုက်ပြည့်ပါတယ်။ ပဲက အမျှင်ဓာတ်များများပါနေတာကြောင့်လည်း ဆာလောင်မှုကို လျော့ပါးစေမှာပါ။

play

 

၃။ ကြက်ဥ

မနက်စာမှာ ကြက်ဥကိုထည့်စားရင် လိုအပ်တဲ့အသားဓာတ်နဲ့ခွန်အားကို ရနိုင်ပါတယ်။ ခွန်အားပြည့်နေမှတော့ တော်တော်နဲ့ ဗိုက်မဆာတော့ဘူးပေါ့။

play

 

၎။ ပန်းသီး

ပန်းသီးမှာပါဝင်တဲ့ ပက်တင်လို့ခေါ်တဲ့အရာကြောင့် အစာခြေမှုနှေးကွေးပြီး ဗိုက်ပြည့်မှုကို ခံစားရစေပါတယ်။ ပန်းသီးက တော်တော်နဲ့အစာမကြေဘဲ ဗိုက်ပြည့်သလိုဖြစ်နေတော့ ဦးနှောက်က နောက်ထပ်အစာစားဖို့ လှုံ့ဆော်ချိန် နောက်ကျသွားပါတယ်။

Source : Time

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ