Food & Travel: ကမ္ဘာ့အကြီးဆုံး မိုးလုံလေလုံ အပန်းဖြေဥယျာဉ် ဖွင့်လှစ်မည်

ဘောလုံးကွင်း ၂၆ ကွင်းစာ ကျယ်ဝန်းတဲ့ မိုးလုံလေလုံ အပန်းဖြေဥယျာဉ်ကို သြဂုတ်လ ၃၁ ရက်မှာ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

play


ကမ္ဘာ့အကြီးဆုံး မိုးလုံလေလုံ အပန်းဖြေဥယျာဉ်ကို အာရပ်စော်ဘွားများပြည်ထောင်စု ဒူဘိုင်းမြို့မှာ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

play


IMG Worlds of Adventure က ဒူဘိုင်းမှာ တည်ဆောက်ထားတဲ့ အကျယ်အဝန်း စတုရန်းပေ ၁.၅ သန်းရှိတဲ့ မိုးလုံလေလုံ အပန်းဖြေဥယျာဉ်ကို သြဂုတ်လအတွင်း ဖွင်လှစ်သွားမယ်လို့ ဆိုပါတယ်။

play


အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ကုန်ကျတဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်မယ့် မိုးလုံလေလုံ အပန်းဖြေဥယျာဉ်က အာရပ်ဒေသရဲ့ အပူချိန်မြင့်မားမှုကနေ အကောင်းဆုံး နားခိုလည်ပတ်နိုင်တဲ့ နေရာတစ်ခု ဖြစ်လာမှာပါ။

play


အပန်းဖြေဥယျာဉ် ဝင်ခွင့်လက်မှတ်တွေကို ကြိုတင်ရောင်းချထားပါတယ်။  ဘောလုံးကွင်း ၂၆ ကွင်းစာ ကျယ်ဝန်းတဲ့ ဒူဘိုင်းမှ မိုးလုံလေလုံ အပန်းဖြေဥယျာဉ် ဝင်ခွင့်လက်မှတ်မှာ လူကြီးတစ်ဦးလျှင် ၆၃ ဒေါ်လာကျော် ဖြစ်ပါတယ်။

play


အပန်းဖြေဥယျာဉ်အတွင်း Marvel, Cartoon Network, Lost Valley Dinosaur Adventure နဲ့ IMG Boulevard တို့ရဲ့ အပန်းဖြေနေရာတွေ ပါဝင်ပါတယ်။

play

play


လေအေးပေးစက်များ တပ်ဆင်ထားပြီး ဒူဘိုင်းအပူဒဏ်ကို ရှောင်ရှားကာ အပန်းဖြေ အနားယူနိုင်တဲ့ မိုးလုံလေလုံ အပန်းဖြေဥယျာဉ်ကို လာမယ့် သြဂုတ်လ ၃၁ ရက်မှာ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။
Source & Photo: IMG Worlds of Adventure, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ