Food & Travel: ဒစ္စနေ ဝန်ထမ်းတွေ မဖြစ်မနေလိုက်နာရတဲ့ စည်းမျဉ်း (၈) ခု

ဒစ္စနေလန်းမှာ အလုပ်လုပ်ရတာ မလွယ်ကူလှပါဘူး။

play

 

အမေရိက၊ ပြင်သစ်၊ ဂျပန်၊ တရုတ်နဲ့ ဟောင်ကောင်မှာ ရှိတဲ့ ဒစ္စနေလန်း အပန်းဖြေဥယျာဉ်ကြီးတွေဟာ ဒစ္စနေဇာတ်ကောင်တွေအဖြစ် ဝတ်စားထားတဲ့ ဝန်ထမ်းတွေနဲ့ ပြည့်နေတဲ့ နေရာတွေပါပဲ။

ဧည့်သည်တွေနဲ့ ဓာတ်ပုံအတူရိုက်ပေးပြီး ပျော်ရွှင်အောင် ကူညီပေးရတဲ့ ဒစ္စနေဝန်ထမ်းတွေရဲ့ဘဝမှာ လွယ်ကူသက်သာလှတာတော့ မဟုတ်ပါဘူး။ သူတို့တွေမှာ တင်းကျပ်လှတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။

၁။ ဝန်ထမ်းအားလုံးဟာ သရုပ်ဆောင်အဖွဲ့ဝင်များ ဖြစ်တယ်

ဒစ္စနေဝန်ထမ်းအားလုံးဟာ သရုပ်ဆောင် အဖွဲ့ဝင်များဖြစ်တဲ့အတွက် တူညီတဲ့ ဇာတ်ကောင်စရိုက်ရှိနေဖို့ လုပ်ဆောင်ချက်တွေ တသွေမတိမ်းတူညီရပါတယ်။

play

 

၂။ လက်ညှိုးမထိုးရဘူး

ဒစ္စနေဇာတ်ကောင် ဝန်ထမ်းတွေဟာ လက်ညှိုးထိုးခွင့်မရှိပါဘူး။ တစ်ခုခုကို ညွှန်ပြချင်တယ်ဆိုရင် လက်နှစ်ချောင်း ဒါမှမဟုတ် အဲဒီထက်ပိုပြီး လက်ချောင်းတွေကို အသုံးပြုရပါတယ်။

၃။ ဒစ္စနေဇာတ်ကောင် ဝန်ထမ်းတွေဟာာ မသိဘူးလို့ ပြောခွင့်မရှိဘူး

ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်နေပါစေ မသိဘူးလို့ သူတို့မှာ ပြောခွင့်မရှိပါဘူး။ မေးတဲ့ မေးခွန်းကို မသိရင် တခြားအဖွဲ့ဝင်တစ်ယောက်ကို မေးမြန်းပြီး အဖြေတစ်ခုတော့ ပေးရတယ်။

၎။ မြင်သာထင်သာတဲ့နေရာမှာ တက်တူးမရှိရဘူး

တက်တူးထိုးလို့ရပေမဲ့ အဝတ်အစားနဲ့လွတ်တဲ့၊ လူမြင်နိုင်တဲ့နေရာမှာ တက်တူးရှိမနေရပါဘူး။

play

 

၅။ လက်မှတ်နဲ့ ပတ်သတ်ပြီးတော့လည်း လိုက်နာရမယ့် စည်းကမ်းတွေရှိတယ်

ဇာတ်ကောင်တစ်ခုချင်းစီကို ကိုယ်စားပြုတဲ့ ဝန်ထမ်းတွေဟာ လက်မှတ်ထိုးပေးချိန်မှာ တစ်ထေရာတည်း ဖြစ်ဖို့ အကြိမ်ကြိမ် လေ့ကျင့်ရပါတယ်။

၆။ လက်သည်းနီ မဆိုးရဘူး

အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ဘယ်သူမှ လက်သည်းနီဆိုးခွင့် မရှိပါဘူး။

၇။ ဘယ်ဇာတ်ကောင်နေရာမှာ တာဝန်ယူရတယ်ဆိုတာ ပြောခွင့် မရှိဘူး

ဒစ္စနေဇာတ်ကောင်တွေအပေါ် စိတ်ဝင်စားမှုနည်းသွားနိုင်တဲ့အတွက် သူတို့ ဘယ်ဇာတ်ကောင်နေရာမှာ ဝင်ရောက်နေရတယ်ဆိုတာ ပြောပြခွင့်မရှိပါဘူး။

၈။ ဆံပင် (အမွေးအမှင်တွေ) နဲ့ ပတ်သက်ပြီးတော့လည်း စည်းမျဉ်းတွေ ရှိတယ်

ဒစ္စနေဇာတ်ကောင်ဝန်ထမ်းတွေဟာ မျက်ခုံးမွေး ရိတ်ခွင့်မရှိပါဘူး။ ဆံပင်အရှည် ဘယ်လောက်ပဲထားရမယ်ဆိုတဲ့ ကန့်သတ်ချက်လည်းရှိပါတယ်။ ကျစ်ဆံမြီးကျစ်လို့ရပေမဲ့ ပုတီးစေ့တွေနဲ့ အလှဆင်လို့မရပါဘူး။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ