Food & Travel: ကမ္ဘာ့အမြန်ဆုံး ဓာတ်လှေကား ပါဝင်သည့် ဒုတိယအမြင့်ဆုံး မိုးမျှော်တိုက်

ဒူဘိုင်းက ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ပြီးရင်တော့ ဒီရှန်ဟိုင်းတာဝါက အမြင့်ဆုံး ဖြစ်လာမှာပါ။

play

 

ကမ္ဘာ့ဒုတိယအမြင့်ဆုံး အဆောက်အဦဖြစ်လာမယ့် မိုးမျှော်တိုက်ကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ စက်တင်ဘာလအတွင်း ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ ဒုတိယအမြင့်ဆုံး မိုးမျှော်တိုက်ဖြစ်ပေမယ့် ကမ္ဘာ့အမြန်ဆုံး ဓာတ်လှေကား၊ အမြင့်ဆုံး ဟိုတယ်တွေ ပါဝင်မှာ ဖြစ်ပါတယ်။

play

 

၁၂၈ ထပ်ပါဝင်တဲ့ ဒီအဆောက်အဦဟာ မိုးမျှော်တိုက်တွေထဲမှာ သဘာပတ်ဝန်းကျင်စိမ်းလန်းမှုစနစ် ပါဝင်တဲ့ ပထမဆုံး မိုးမျှော်တိုက်ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့အနေနဲ့ မိုးရေတွေကိုလည်း စုဆောင်းပြီး ပြန်လည် အသုံးချနိုင်မှာ ဖြစ်ပါတယ်။ စွမ်းအင်သုံးစွဲမှုကို သာမန်ထက်လျှော့ချပေးနိုင်တဲ့ စနစ်ပေါင်း ၄၀ ခန့်လည်း ပါဝင်ဦးမှာ ဖြစ်ပါတယ်။

play

 

ရှန်ဟိုင်းတာဝါလို့ အမည်ပေးထားတဲ့ ဒီမိုးမျှော်တိုက်ဟာ ဒူဘိုင်းက ဘာ့ဂ်ျခါလီဖာ တာဝါပြီးရင် ကမ္ဘာ့မှာ ဒုတိယအမြင့်ဆုံး မိုးမျှော်တိုက် ဖြစ်လာမှာပါ။ ဒီအဆောက်အဦအတွက် စုစုပေါင်း ကုန်ကျစရိတ် ပေါင် ၁.၈၄ ဘီလျံလောက်ရှိခဲ့တယ်လို့ သိရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ