Food & Travel: ကမ္ဘာ့သက်တမ်းအရင့်ဆုံး လိုင်ချီးပင်

နှစ်ပေါင်းတစ်ထောင်ကျော် သက်တမ်းရှိနေပါပြီ။

 

နှစ်ပေါင်း ၁၂၅၅ နှစ် သက်တမ်းရှိတဲ့ လိုင်ချီးပင်တစ်ပင် တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန်းဒေသမှာ တည်ရှိပါတယ်။ နှစ်ပေါင်းတစ်ထောင်ကျော်လွန်နေတဲ့ ဒီအပင်ဟာ ကမ္ဘာ့သက်တမ်းအရင့်ဆုံးလိုင်ချီးပင်ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။

 

၁၉၀၀ ပြည့်နှစ်အတွင်းက အမေရိကန်သာသနာပြုအဖွဲ့တစ်ဖွဲ့ဟာ ယင်းအပင်ရဲ့မျိုးစေ့ကနေပေါက်ပွားတဲ့ အပင်ပေါက်လေးကို ဖလော်ရီဒါအထိ သယ်သွားဖူးတယ်လို့လည်း ဆင်ဟွာသတင်းဌာနက ရေးသားထားပါတယ်။ ဒါပေမဲ့ သိပ္ပံပညာရှင်တွေရဲ့ အတည်ပြုချက်ကိုတော့ ဖော်ပြမထားပါဘူး။

 

ယနေ့အချိန်မှာတော့ ယင်းသက်တမ်းရင့် လိုင်ချီးပင်ရဲ့မျိုးတွေဟာ ကမ္ဘာအနှံ့ကို ပျံ့နှံ့သွားရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

Source : Xinhua

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ