Food & Travel: လေယာဉ်ငယ်တစ်စီးနဲ့ တစ်ကိုယ်တော်ကမ္ဘာပတ်တဲ့ သြစတြေးလျဆယ်ကျော်သက်

စမတ်ရဲ့အသက်ဟာ ၁၈ နှစ်၊ ၇ လနဲ့ ၂၁ ရက်သာ ရှိပါသေးတယ်။

play

 

သြစတြေးလျဆယ်ကျော်သက်တစ်ဦးဟာ လေယာဉ်ငယ်တစ်စီးကို ကိုယ်တိုင်မောင်းနှင်ရင်း ကမ္ဘာတစ်ပတ်ပျံသန်းကာ ဂင်းနစ်ကမ္ဘာ့စံချိန်သစ်ကို ရရှိသွားပါတယ်။

ကွင်းစလန်နယ်သား လက်ခ်ျလန်စမတ်ဟာ အင်ဂျင်တစ်လုံးတည်းပါတဲ့ လေယာဉ်ငယ်တစ်စီးနဲ့ ကမ္ဘာတစ်ပတ်ပတ်ပြီးနောက် ယနေ့မနက်မှာ Sunshine Coast လေဆိပ်ကို ပြန်လည်ရောက်ရှိလာပါတယ်။ စမတ်ဟာ ဇူလိုင် ၂၄ ရက်တုန်းက ယင်းလေဆိပ်ကနေပဲ စတင်ထွက်ခွာခဲ့တာပါ။

play

 

ကမ္ဘာတစ်ပတ် ပျံသန်းပြီးသွားချိန်မှာ စမတ်ရဲ့အသက်ဟာ ၁၈ နှစ်၊ ၇ လနဲ့ ၂၁ ရက်သာ ရှိပါသေးတယ်။ ယခင်စံချိန်ရထားတဲ့ အမေရိကန်သား မတ်ဂုသ်မေလာထက် တစ်နှစ်ပိုငယ်ပါတယ်။ ဒါကြောင့် ကမ္ဘာတစ်ပတ်ပျံသန်းခဲ့တဲ့ အသက်အငယ်ဆုံးလူ ဖြစ်လာပါတယ်။

play

စမတ်ရဲ့ ကမ္ဘာတစ်ပတ်ခရီးစဉ်ဟာ ရေမိုင် ၂၄,၀၀၀ ကျော် ဖြတ်သန်းခဲ့ရတာဖြစ်ပြီး ခရီးစဉ်အတွင်း နိုင်ငံ ၁၅ နိုင်ငံရှိ နေရာ ၂၄ ခုမှာ ရပ်နားခဲ့ပါတယ်။ ပြည်ပလေကြောင်းထိန်းချုပ်ရေးစခန်းနဲ့ အဆက်အသွယ်လုပ်ရခြင်းနဲ့ ရာသီဥတုဟာ သူ့ရဲ့ခရီးစဉ်အတွင်း အကြီးမားဆုံးစိန်ခေါ်မှုတွေဖြစ်ခဲ့တယ်လို့ စမတ်ကဆိုပါတယ်။

Source : Straitstimes

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ