Food & Travel: ခေါက်ဆွဲတစ်ပွဲကြောင့် အကြားအာရုံဆုံးရှုံးသွားရသူ

တစ်ပွဲမကုန်ခင်မှာပဲ လက်လျှော့လိုက်ရပါတယ်။

play

 

ထူးခြားတဲ့အစားအစာတွေကို မြည်းစမ်းစားပြတဲ့ ဗီဒီယိုတွေကို YouTube ပေါ်မှာ တင်လေ့ရှိသူတစ်ဦးဟာ ကမ္ဘာ့အစပ်ဆုံးခေါက်ဆွဲကို စားလိုက်ရာမှ အကြားအာရုံဆုံးရှုံးသွားပါတယ်။

ဘန်တန်း အမည်ရှိ အမျိုးသားဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့က Warung Abang Adek စားသောက်ဆိုင်မှာရောင်းတဲ့ ခေါက်ဆွဲကို မှာယူစားသောက်ခဲ့တာပါ။ အဲ့ဒီစားသောက်ဆိုင်မှာ အထူးရောင်းချတဲ့အရာကတော့ pedas mampus (သေလောက်အောင်စပ်တယ်လို့အဓိပ္ပာယ်ရပါတယ်)ဆိုတဲ့ ခေါက်ဆွဲ ဖြစ်ပါတယ်။ ခေါက်ဆွဲတစ်ပွဲတည်းမှာတင် အရမ်းစပ်တဲ့ငရုတ်သီးတောင့် အနည်းဆုံး ၁၀၀ ကို ထည့်ထားတာပါ။

play

 

ကမ္ဘာ့အစပ်ဆုံးခေါက်ဆွဲလို့ ဘန်ကဗီဒီယိုထဲမှာ ပြောသွားပါတယ်။ ခေါက်ဆွဲစားနေရင်းမှာပဲ အရမ်းစပ်လွန်းတာကြောင့် ဘာမှမကြားရတော့ဘူးလို့ သူကဆိုပါတယ်။ တကယ်ပဲမကြားတာလား၊ အပိုလုပ်ပြီးပြောသွားတာလားဆိုတာကတော့ သူကိုယ်တိုင်ပဲသိမှာပါ။ ဒါပေမဲ့ နားမကြားမှုဟာ ယာယီသာဖြစ်ပြီး လုံးလုံးမကြားရတော့တာမဟုတ်ဘူးလို့ သိရပါတယ်။

Source : Coconuts Jakarta

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ