Food & Travel: အမြဲတမ်းဗိုက်ဆာနေရတဲ့ အကြောင်းရင်း (၈) ခု

အဆက်မပြတ်စားမိနေခြင်းဟာ ကောင်းတဲ့လက္ခဏာတစ်ခုတော့မဟုတ်ပါဘူး။

 

၁။ ကာဘိုဟိုက်ဒြိတ်ပါတာတွေ များများစားမိခြင်း

အချိုဓာတ်များတာနဲ့ ကာဘိုဟိုက်ဒြိတ်များတာတွေကို အများကြီးစားမိရာက သွေးထဲမှာသကြားဓာတ်ကို အတောမသတ်နိုင်အောင် တောင့်တမိရာကနေ ဆာလောင်မှုဖြစ်စေပါတယ်။

၂။ ရေငတ်ခြင်း

ရေကိုလုံလုံလောက်လောက်မသောက်တဲ့အခါ ရေငတ်မှုကနေ ဆာလောင်မှုနဲ့အထင်မှားပြီး ဗိုက်ဆာနေတာပါ။

 

၃။ တီဗွီကြည့်ရင်းစားခြင်း

မျက်စိနဲ့နားက တီဗွီကိုအာရုံစိုက်နေတော့ ဘယ်လောက်စားလို့စားမိမှန်းမသိ ထပ်ထပ်ပြီးစားမိပါတယ်။

၎။ စိတ်ဖိစီးမှု

စိတ်ဖိစီးမှုတွေကြောင့်လည်း ဆာလောင်မှုကိုဖြစ်စေပါတယ်။ စိတ်ဖိစီးမှုဖြစ်တဲ့အခါ ကော်တီဇောလို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးထွက်လာပြီး ဆာလောင်စေပါတယ်။

 

၅။ အိပ်ရေးမဝတာ

အိပ်ရေးမဝတဲ့အခါ ဗိုက်ဝတယ်လို့ ခံစားမိစေတဲ့ လက်ပတင်ဟော်မုန်းထွက်တာ နည်းသွားပါတယ်။

၆။ ကယ်လိုရီ

အာဟာရဖြစ်စေမယ့်အရာတွေမစားဘဲ ကယ်လိုရီများတာတွေချည်း စားနေမိရင်လည်း ဆာလို့ဆုံးမှာမဟုတ်တော့ပါဘူး။

၇။ မြန်မြန်စားတာ

ဆာလောင်မှုဖြစ်စေတဲ့ဟော်မုန်းတွေ ဦးနှောက်ကိုရောက်ဖို့ မိနစ် ၂၀ မှ ၃၀ ကြား ကြာမြင့်ပါတယ်။ အစားကို ၅ မိနစ်တည်းနဲ့ အကုန်စားလိုက်လို့ကတော့ ဗိုက်ပြည့်မှန်းမသိတော့ဘဲ ဆက်စားနေမိတတ်ပါတယ်။

 

၈။ အွန်လိုင်းပေါ်ကစားစရာတွေ

ဖေ့စ်ဘွတ်တို့ အင်စတာဂရမ်တို့မှာ အစားပုံတွေကိုချည်း မကြာခဏမြင်နေရတော့ သွားရည်ယိုပြီး စားချင်လာတာပါ။

Source : Motto

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ