Food & Travel: အင်ပါယာစတိတ်ထိပ်ဖျားမှာ ရိုက်ခဲ့တဲ့ အထူးခြားဆုံး ဆယ်ဖီဓာတ်ပုံ

အင်ပါယာစတိတ်ရဲ့ ထိပ်ဆုံးနေရာမှ ရိုက်ကူးခဲ့တဲ့ ဆယ်ဖီဓာတ်ပုံတစ်ပုံက ယခင်က ရိုက်ကူးခဲ့သမျှ ဆယ်ဖီပုံတွေနဲ့မတူဘဲ ရင်သပ်ရှုမောဖွယ် ဖြစ်ခဲ့ပါတယ်။

play
အင်ပါယာစတိတ်ထိပ်ဖျားမှာ ရိုက်ခဲ့တဲ့ ရပ်သပ်ရှုမောဖွယ် ဆယ်ဖီဓာတ်ပုံ


ဗြိတိန်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသည်က နယူးယော့ခ်မြို့ရှိ အင်ပါယာစတိတ် (Empire State) အဆောက်အအုံရဲ့ ထိပ်ဆုံးနေရာမှ ရိုက်ကူးခဲ့တဲ့ ဆယ်ဖီဓာတ်ပုံတစ်ပုံက ယခင်က ရိုက်ကူးခဲ့သမျှ ဆယ်ဖီပုံတွေနဲ့မတူဘဲ ရင်သပ်ရှုမောဖွယ် ဖြစ်ခဲ့ပါတယ်။

play
အင်ပါယာစတိတ် အဆောက်အအုံနဲ့ နယူးယော့ခ်မြို့မြင်ကွင်း


ဗင်ကူဗားမှာ နေထိုင်တဲ့ ဗြိတိသျှ ကမ္ဘာလှည့်ခရီးသည်က အမြင့်ပေ ၁,၂၅၀ ရှိတဲ့ အင်ပါယာစတိတ် အဆောက်အအုံ ထိပ်ဖျားကိုရောက်ရှိခိုက်မှာ ၃၆၀-ဒီဂရီ ကင်မရာကို အသုံးပြုပြီး နယူးယော့ခ်မြို့ကို အပေါ်စီးမှမြင်ကွင်းအား မှတ်တမ်းတင်ခဲ့ပါတယ်။

၃၆၀-ဒီဂရီ ကင်မရာ နည်းပညာက ကြည့်ရှုသူကို ပတ်ပတ်လည်နေရာတွေနဲ့ အပေါ်အောက်နေရာတွေကိုလည်း လှည့်ပတ်ကြည့်ရှုနိုင်ပါတယ်။ ဗြိတိသျှ ကမ္ဘာလှည့်ခရီးသည်က ၎င်းရိုက်ကူးထားတဲ့ ၃၆၀-ဒီဂရီ ဓာတ်ပုံကို Reddit ဝက်ဘ်ဆိုက်မှာ BritInBC အကောင့်ဖြင့် လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဓာတ်ပုံကို ၃၆၀-ဒီဂရီ ကင်မရာဖြင့် ရိုက်ကူးနေကျအတိုင်း ဖြေးညှင်းစွာ ရွေ့လျားရိုက်ကူးတာမျိုး မဟုတ်ဘဲ တစ်ကြိမ်တည်းသာ ရိုက်ကူးခဲ့တာလို့ ဆိုပါတယ်။
Source & Photo: Daily Mail, BritInBC/Reddit

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ