Food & Travel: ရှုခင်းလှပေမယ့် အသည်းငယ်သူတွေ မလာနိုင်တဲ့ တောင်စောင်းက စခန်းသာ

ရုင်ရှင်ဇာတ်လမ်းတွေထဲကလို ဒဏ္ဍာရီဆန်ဆန် ရှုခင်းမျိုးကို တွေ့ရမှာ ဖြစ်ပါတယ်။

play

 

တရုတ်နိုင်ငံ လွယ်ကျွန်းတောင်စောင်းထပ်က မီတာ ၁၇၀၀ မြင့်တဲ့ နားနေစခန်းဟာ စွန့်စားခရီးသွားရတာကြိုက်သူတွေအတွက်တော့ အံကိုက်ဖြစ်စေမယ့် နေရာတစ်ခုဖြစ်ပါတယ်။

play

 

ပေပေါင်းများစွာမြင့်တဲ့ တောင်စောင်းထက်က နေရာကျဉ်းကျဉ်းလေးမှာ အနားယူဖို့ နားနေစခန်းဖွင့်လှစ်ထားတာပါ။ ဒီနေရာကို ခရီးသွားတိုင်းအတွက် ဖွင့်လှစ်ထားတာမဟုတ်ပါဘူး။ သွားချင်သူတွေဟာ  ဒီခရီးကိုစီစဉ်သူတွေနဲ့သာ ချိတ်ဆက်သွားနိုင်မှာဖြစ်ပါတယ်။ "

 

 ပုံမှန်ဆိုရင် သောကြာနေ့ ညနေဆို ကျွန်တော်တို့ တောင်စတက်ပါပြီ။ သောကြာညကနေ စနေမနက် ငါးနာရီလောက်အထိ ပင်လယ်က မြူခိုးတွေဝေ့ပြီး အရမ်းလှနေတာကို တွေ့ရမှာပါ။ ဘာနဲ့မှ မတူတဲ့ ဆန်းပြားမှုကို ပေးတယ်လေ" လို့ ဒီခရီးစီစဉ်သူတွေထဲက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ရှုလီက ပြောပါတယ်။

play

 

လွယ်ကျွန်းတောင်ထိပ် မီတာ ၂၂၀၀ မြင့်တဲ့ နေရာမှာတော့ တရုတ်ဒဏ္ဍာရီတွေထဲလို ဘုရားကျောင်းဆောင်တစ်ခု ရှိပါတယ်။ ခရီးစဉ်ကို အန္တရာယ်ကင်းနိုင်သမျှ ကင်းအောင် စီစဉ်ထားပြီး တစ်ခါခရီးထွက်ရင် တစ်ရာသာ လက်ခံလေ့ရှိပါတယ်။

play


Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ