Food & Travel: ငရုတ်သီးနဲ့ ဂျင်းကို ပေါင်းစပ်လိုက်ရင် ရရှိတဲ့ အကျိုးကျေးဇူး

ငရုတ်သီးမှာတွေ့ရတဲ့ ဓာတ်တစ်မျိုးဟာ ကင်ဆာဆဲလ်တွေကို ကြီးထွားစေတယ်လို့ ယခင်က တွေ့ရှိထားပါတယ်။

play

 

ငရုတ်သီးနဲ့ ဂျင်းကို ပေါင်းစပ်ခြင်းဟာ ကင်ဆာကို တိုက်ဖျက်နိုင်တယ်လို့ အမေရိကန်ဓာတုဗေဒအသင်း American Chemical Society အသင်းကြီးရဲ့ သုတေသနတစ်ခုက တွေ့ရှိခဲ့ပါတယ်။

play

 

ငရုတ်သီးတစ်မျိုးတည်းမှာတွေ့ရတဲ့ ဓာတ်တစ်မျိုးဟာ ကင်ဆာဆဲလ်တွေကို ကြီးထွားစေတယ်လို့ ယခင်ကတွေ့ရှိထားပေမဲ့ အခုသုတေသနကတော့ ဂျင်းနဲ့ပေါင်းစပ်တဲ့အခါ ကင်ဆာကိုတိုက်ဖျက်နိုင်ကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သုသေတနဟာ အဆုတ်ကင်ဆာရှိတဲ့ ကြွက်တွေကို စမ်းသပ်ခဲ့တာဖြစ်ပြီး ငရုတ်သီးသက်သက်၊ ဂျင်းသက်သက် ရတဲ့ ကြွက်တွေရဲ့ ကင်ဆာဆဲလ်တွေဟာ ကြီးထွားလာပြီး နှစ်ခုပေါင်းရတဲ့ ကြွက်တွေကတော့ သိသိသာသာ တိုးတက်လာတယ်လို့ ဆိုပါတယ်။

play

 

သုတေသနကို ဦးဆောင်ထားသူတွေက လက်ရှိကွာခြားမှုကို ဆက်လက်လေ့လာချင်နေတယ်လို့လည်း သိရပါတယ်။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ