Food & Travel: တီဗွီကြည့်ရင်း ဘီယာသောက်ဖို့ အကောင်းဆုံးဘီယာခွက်

, updated

မြင်ကွင်းမရှင်းတာတွေ မဖြစ်တော့လို့ ဇိမ်ပဲပေါ့။

play

 

ကိုယ်ကြိုက်တဲ့ ဘောလုံးပွဲ၊ ဇာတ်လမ်းတွေကိုကြည့်ရင်း ဘီယာသောက်တာဟာ အမျိုးသားတွေရဲ့ အပန်းဖြေမှုတစ်ခုပါပဲ။ ဘီယာခွက်ကြောင့် တီဗွီမြင်ကွင်းမရှင်းတာကလွဲရင်ပေါ့လေ။

play

 

အသစ်ထုတ်လုပ်လိုက်တဲ့ "TV Beer Mug (တီဗွီဘီယာခွက်)" ကြောင့် စိတ်ကသိကအောင့်ဖြစ်တော့မှာ မဟုတ်ပါဘူး။ ခွက်ကို လက်ကိုင်ကိုင်းက ကိုင်ထားပြီး ဘီယာသောက်ရင် ကိုယ့်မျက်စိရှေ့ကနေ တီဗွီမြင်ကွင်းမကွယ်အောင် ခွက်တစ်ခြမ်းကို ချိုင့်ပေးထားတာဖြစ်ပါတယ်။

play

 

စိတ်ကူးကောင်းကောင်းနဲ့ ဖန်တီးထားတဲ့ဒီခွက်ရဲ့တန်ဖိုးက ၁၁ ဒေါ်လာသာ ကျသင့်မှာပါ။

Source : Gizmodo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ