Food & Travel: အဝလွန်ခြင်းနဲ့ဆီးချိုကို ကာကွယ်ပေးနိုင်တဲ့ သရက်သီး

, updated

အစာမကြေတာကိုလည်း သက်သာစေနိုင်ပါတယ်။

play

 

သရက်သီးဟာ အမျှင်ဓာတ်ကြွယ်ဝတဲ့ သစ်သီးတစ်မျိုးဖြစ်ပြီး အစာကြေရင်ချောင်စေနိုင်ကြောင်း ယခင်ကတည်းက သိရှိကြပြီးဖြစ်ပါတယ်။ လေ့လာမှုအသစ်တစ်ရပ်အရ သရက်သီးစားခြင်းဟာ အဝလွန်ခြင်းကို ကာကွယ်ပေးနိုင်တဲ့အပြင် အမျိုးအစား ၂ ဆီးချိုကိုပါ ကာကွယ်ပေးနိုင်တာ တွေ့ရှိရပါတယ်။

play

 

ခန္ဓာကိုယ်တွင်းက ကောင်းတဲ့ဘက်တီးရီးယားများဟာ အဆီတွေကြောင့် လျော့ကျသွားရတတ်ပါတယ်။ ယင်းဘက်တီးရီးယားကောင်းတွေဟာ အမျိုးအစား၂ ဆီးချိုရောဂါမဖြစ်အောင် ဟန့်တားပေးနိုင်စွမ်းရှိကြပါတယ်။ သရက်သီးကို မှီဝဲခြင်းက ဘက်တီးရီးယားကောင်းတွေလျော့ကျမှုကို တားဆီးပေးတာကြောင့် အမျိုးအစား၂ ဆီးချို မဖြစ်အောင် ကာကွယ်ရာလည်းရောက်ပါတယ်။

ဒီလေ့လာမှုကို အိုကလာဟိုးမားပြည်နယ်တက္ကသိုလ်ရဲ့ သုတေသီတွေက ကြွက်ကောင်ရေ ၆၀ နဲ့ စမ်းသပ်ခဲ့ကြတာပါ။

Source : Mail Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ