Food & Travel: ထိုင်ဝမ်က အလန်းစား ကွမ်းယာသည်လေး

ပိုပြီးလှလေလေ ပိုက်ဆံပိုရှာနိုင်လေလေပဲ၊ ဒါကြောင့် ကျွန်မက ဒီလိုဝတ်စားထားတာ....

play

 

လင်းလင်းဟာ အသက် ၂၀ သာ ရှိသေးတဲ့ ပျိုမြစ်နုနယ်တဲ့ မိန်းမချောလေးပါ။ တိုင်ပေမြို့က အဝေးပြေးလမ်းမတစ်ခုပေါ်မှာ သူမကို စကတ်တိုလေးနဲ့ အမြဲလိုလို တွေ့မြင်ရပါတယ်။ အပေါ်ပိုင်းမှာလည်း ခပ်ကျပ်ကျပ်ဝတ်ပြီး အောက်မှာတော့ စကတ်ပါးပါးလေးနဲ့ပေါ့။

play

 

တိုလွန်းတဲ့စကတ်ကြောင့် သူမရဲ့တင်ပါးပေါ်က တက်တူးလေးကလည်း ပေါ်နေပြန်ပါတယ်။ သူမအလုပ်ကတော့ ကွမ်းယာရောင်းတာပါ။ လမ်းမပေါ်မှာ ထရပ်ကားတွေလာရင် တားပြီး ကွမ်းယာနဲ့ ကွမ်းသီးကိုရောင်းလေ့ရှိပါတယ်။

play

 

" ရှင် ပိုပြီးလှလေလေ ပိုက်ဆံပိုရှာနိုင်လေလေပဲ၊ ဒါကြောင့် ကျွန်မက ဒီလိုဝတ်စားထားတာ" လို့ လင်းလင်းက ပြောပါတယ်။ ကွမ်းယာကို ထိုင်ဝမ်၊ အိန္ဒိယ၊ မြန်မာနဲ့ အခြားအာရှနိုင်ငံအချို့မှာ စားသုံးသူများပြားနေဆဲပါပဲ။

play

 

ထိုင်ဝမ်အစိုးရကလည်း ကွမ်းယာစားသုံးမှုတွေ လျော့ကျအောင် အားထုတ်နေပေမဲ့ လင်းလင်းလို အမိုက်စားကွမ်းယာသည်လေးတွေရှိနေသမျှတော့ ကွမ်းယာတွေ ရောင်းကောင်းနေဦးမှာဖြစ်ပါတယ်။

Source : CNN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ