Food & Travel: ဂျာမနီက ဇောက်ထိုးမိုးမျှော်ကဖေး

ဆိုင်ထဲမှာ ရှိသမျှအရာအားလုံးကို ဇောက်ထိုးပုံစံနဲ့ပဲ မြင်ရပါတယ်။

play

 

ဂျာမနီနိုင်ငံက ကော်ဖီဆိုင်လေးတစ်ခုအကြောင်း လူမှုကွန်ရက်တွေပေါ်မှာ ပြောနေကြပါတယ်။ ဒီဆိုင်လေးက ဆန်းပါတယ်။ ဇောက်ထိုးမိုးမျှော်ကဖီးပါ။

play

Wertheim မြို့က Frisher ကဖီးဆိုင်လေးကို ယခုနှစ်အစောပိုင်းကမှ ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။ ဆိုင်ထဲမှာ ရှိသမျှအရာအားလုံးကို ဇောက်ထိုးပုံစံနဲ့ပဲ မြင်ရပါတယ်။

play

 

ဆိုင်အပြင်ကိုကြည့်မယ်ဆိုလည်း ဆိုင်ရဲ့အမိုးက မြေပြင်မှာရောက်နေပြီး ပက်လက်လန်နေတဲ့ ကားတစ်စီးက ထိပ်ဆုံးမှာရောက်နေပါတယ်။ ဆိုင်ထဲက ရေချိုးခန်း၊ အိမ်သာ၊ မီးဖိုချောင်၊ စားပွဲ စတာတွေအားလုံးကလည်း ကောင်းကင်ကနေ တွဲလောင်းကျနေတဲ့ ဇောက်ထိုးတွေချည်းပါပဲ။

play

 

ဆယ်ဖီရိုက်ရတာ ဝါသနာပါသူတွေနဲ့ အထူးအဆန်းကို လေ့လာလိုသူတွေဟာ ဒီကဖီးဆိုင်လေးကို အရောက်သွားကြပါတယ်။ ရောက်ခဲ့သူတွေရဲ့ အမှတ်တရပုံရိပ်တွေကိုလည်း ဖေ့စ်ဘွတ်နဲ့ အင်စတာဂရမ်တို့မှာ တင်နေကြပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ