Food & Travel: အစားအသောက်နှင့် ဉာဏ်ရည်ထက်မြက်မှု တိုက်ရိုက်အချိုးကျ ဆို

ကလေးငယ်တွေ ထက်မြက်ဖို့အတွက် အစားအသောက်က ရရှိတဲ့ အာဟာရဟာ အရေးကြီးပါတယ်။

play

 

ကလေးငယ်တွေကို ကျွေးမွေးတဲ့ အစားအသောက်တွေဟာ ကလေးငယ်တွေရဲ့ စဉ်းစားတွေးခေါ်နိုင်မှု၊ ဉာဏ်ရည်နဲ့ တိုက်ရိုက်အချိုးကျတယ်လို့ သုတေသန တစ်ခုက ဖော်ထုတ်လိုက်ပါတယ်။

သုတေသန ရလဒ်အရ သစ်သီးဝလံတွေ၊ အသားငါးနဲ့ ဟင်းသီးဟင်းရွက်ကို မျှတအောင် စားသောက်တဲ့ ကလေးငယ်တွေဟာ သာမန်ထက် ဉာဏ်ရည်ပိုကောင်းပြီး ကျောင်းစာသင်ခန်းထဲမှာ အမှတ်ကောင်းလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အစားအသောက်ကို အာဟာရ မျှတအောင် မစားရတဲ့ ကလေးငယ်တွေကတော့ အစားကောင်းကောင်းစားတဲ့ ကလေးငယ်တွေထက် ဉာဏ်ရည်ပိုနိမ့်လေ့ရှိတယ်လို့ ဆိုပါတယ်။

play

 

ဉာဏ်ရည်ကောင်းခြင်းဟာ အစားအသောက်အပေါ် လုံးလုံးမူတည်နေတာ မဟုတ်ပေမဲ့ အစားအသောက်ကို အာဟာရ စုံလင်အောင် စားခြင်းက ဉာဏ်ရည်ကို အထောက်အကူဖြစ်နိုင်တယ်ဆိုတာကိုတော့ သက်သေပြနိုင်ခဲ့ပါတယ်။ ဖင်လန်အရှေ့ပိုင်း တက္ကသိုလ်က ဒီသုတေသနကို ပြုလုပ်ခဲ့တာဖြစ်ပြီး ကလေးငယ်ပေါင်း ၁၆၁ ဦးရဲ့ စာသင်ကျောင်းရမှတ်တွေနဲ့ အစားအသောက်စားသောက်မှု ပုံစံကို လေ့လာခွဲထုတ် ခဲ့တာဖြစ်ပါတယ်။ ကလေးငယ် ၁၆၁ ဦးကိုသာ လေ့လာထားတာကြောင့် ဒီရလဒ်ဟာ အစပိုင်းပဲ ရှိသေးတယ်လို့ ဆိုပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ