Food & Travel: ကလေးတွေကို ကျောင်းမထားဘဲ ကမ္ဘာပတ်ခိုင်းတဲ့ လင်မယား

ကမ္ဘာပတ်တာက ကလေးတွေကို ပိုပြီးဗဟုသုတ တိုးစေတယ်လို့ သူတို့က ယုံကြည်ပါတယ်။

play

 

သားသမီးတွေကို ပိုပြီးထက်ထက်မြက်မြက်ဖြစ်စေချင်တဲ့ လင်မယားနှစ်ဦးဟာ သားဖြစ်သူ နှစ်ဦးကို ကျောင်းထားရမယ့်အရွယ်မှာ  ကျောင်းမထားဘဲ ကမ္ဘာပတ်ပြီး ခရီးထွက်စေခဲ့ပါတယ်။

play

 

သူတို့စုံတွဲဟာလည်း ခရီးထွက်ရင်း တွေ့ဆုံဖူးစာပါခဲ့ကြတာဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာ တွေ့ဆုံခဲ့ကြတာပါ။ အဲဒီနောက် ဆွီဒင်မှာ အခြေချနေထိုင်ခဲ့ကြပါတယ်။ သားနှစ်ဦးမွေးဖွားထားပြီးနောက် သားကြီးဖြစ်သူ အသက် ၆ နှစ်အရွယ် ဝင်စတန်အတွက် ကျောင်းထားရမယ့် အရွယ်ရောက်လာချိန်မှာ ဒီလိုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ မစ္စကင်းနဲ့ မစ္စတာကင်းတို့ ဇနီးမောင်နှံဟာ သားကိုကျောင်းထားဖို့ ကျောင်းပေါင်း ၂၀ လောက်လိုက်လံစုံစမ်းခဲ့ပေမဲ့ စိတ်ကြိုက်မဖြစ်ခဲ့ပါဘူး။

play

 

အဲဒါကြောင့် နေထိုင်တဲ့အိမ်ကို စတာလင်ပေါင် နှစ်သိန်းရှစ်သောင်းလောက် ပမာဏနဲ့ ညီမျှတဲ့ငွေနဲ့ ရောင်းချခဲ့ပါတယ်။ ပြီးတော့ မိသားစုလေးဦး ကမ္ဘာပတ်နေကြတာပါ။အခုထိတော့ သူတို့မိသားစုကမ္ဘာပတ်တာ ရပ်ဖို့အစီအစဉ်မ ရှိသေးဘူးလို့ဆိုပါတယ်။ စပိန်၊ အီဂျစ်၊ ထိုင်း၊ အမေရိက၊ အီတလီ၊ အင်ဒိုနီးရှား၊ မော်ဒိုက်ဗ် စတဲ့နေရာတွေအပါအဝင် ၁၅ နိုင်ငံလောက် ရောက်ပြီးပြီလို့ သိရပါတယ်။

အခုထိတော့ သူတို့သားနှစ်ဦးဟာ ကမ္ဘာပတ်နေတဲ့ အတွေ့အကြုံကြောင့် အသက်အရွယ်တူ အခြားကလေးတွေထက်စာရင် ပိုပြီးထက်မြက်တယ်လို့ ကင်းတို့ ဇနီးမောင်နှံက ယုံကြည်ထားပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ