Food & Travel: တစ်ပတ်ကို သိန်း ၈၇၀ ကျော်ကျမယ့် တောင်ဝင်ရိုးစွန်းက ကြယ်ငါးပွင့်ဟိုတယ်

တောင်ဝင်ရိုးစွန်းဟိုတယ်မှာ တည်းခိုသူတွေဟာ အိပ်စက်တဲ့အခါ မျက်လုံးအကာအကွယ်သုံး အိပ်စက်ဖို့ အကြံပြုထားပါတယ်။

play


တောင်ဝင်ရိုးစွန်းဒေသရှိ ဟိုတယ်ကို အသစ်မွမ်းမံ ပြင်ဆင်လိုက်ပြီးနောက် ဧည့်သည်တွေ လက်ခံဝန်ဆောင်မှုပေးသွားဖို့ အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

play


White Desert ဟိုတယ်ကို ကြယ်ငါးပွင့်အဆင့် မွမ်းမံပြင်ဆင်လိုက်ပြီး ဧည့်သည်တွေ လက်ခံသွားမှာ ဖြစ်ပါတယ်။ ပင်ဂွင်းတို့ရဲ့ကမ္ဘာ တောင်ဝင်ရိုးစွန်းဒေသရှိ ဟိုတယ်မှာ တည်းခိုခဲ့ဖူးသူတွေထဲမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ ဆော်ဒီတော်ဝင်မိသားစုတွေ ပါဝင်ပါတယ်။

play
play


ဟိုတယ်မှာ တစ်ကြိမ်လျှင် ဧည့်သည် ၁၂ ယောက်သာ လက်ခံပြီး တည်းခိုနေထိုင်စရိတ်ကတော့ တစ်ပတ်စာအတွက် မြန်မာငွေ ကျပ်သိန်း ၈၇၀ ကျော် (ပေါင်စတာလင် ၅၄,၀၀၀) ကုန်ကျမှာ ဖြစ်ပါတယ်။

play


တစ်နှစ်ပတ်လုံးမှာ တောင်ဝင်ရိုးစွန်းဒေသရဲ့ နွေရာသီကာလဖြစ်တဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာလအတွင်း သီတင်းပတ် ၅ ပတ်သာ ဟိုတယ်ကို ဖွင့်လှစ်ထားပြီး ထိုအချိန်မှာ အဆိုပါဒေသရဲ့ အပူချိန်က အနုတ် ၅ ဒီဂရီဆဲလ်စီးယပ် ရှိပါတယ်။

play


၂၄ နာရီလုံး နေရောင်ခြည် လင်းလက်နေတာကြောင့် တောင်ဝင်ရိုးစွန်းဟိုတယ်မှာ တည်းခိုသူတွေဟာ အိပ်စက်တဲ့အခါ မျက်လုံးအကာအကွယ်သုံး အိပ်စက်ဖို့ အကြံပြုထားပါတယ်။

play


အိပ်ခန်းအတွင်း သားမွေးနဲ့ဖုံးအုပ်ထားတဲ့ အိပ်ရာတွေက တည်းခိုသူတွေ အိပ်စက်တဲ့အခါ နွေးထွေးနေစေမှာဖြစ်ပြီး ဟိုတယ်မှာ ဗဟိုအပူပေးစနစ်လည်း တပ်ဆင်ပေးထားပါတယ်။

play


Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ