Food & Travel: ဘယ်လ်ဂျီယံမှာ ဘီယာကို မြေအောက်ပိုက်လိုင်းနဲ့သယ်ယူပို့ဆောင်

တခြား ဘယ်နိုင်ငံကမှ ဘီယာကို ယခုလို မသယ်ကြပါဘူး။

play

 

ဘယ်လ်ဂျီယံနိုင်ငံ ဘရုဂတ်စ်မြို့က ဘီယာချက်လုပ်ရေးရုံတစ်ခုဟာ ဘီယာတွေကို မြေအောက်ပိုက်လိုင်းကတစ်ဆင့် ပို့ဆောင်ပေးဖို့ ကြံစည်နေပါတယ်။ ချက်လုပ်ပြီးတဲ့ ဘီယာတွေကို နှစ်မိုင်အကွာမှာရှိတဲ့ စက်ရုံကိုပို့ဆောင်ကာ ဘီယာတွေကို ပုလင်းထဲသို့ ထည့်သွင်းမှာပါ။

play

 

ဘီယာကို မြေအောက်ပိုက်လိုင်းကနေ သယ်ယူပို့ဆောင်ဖို့အတွက် Halve Maan အဖျော်ယမကာ ကုမ္ပဏီက စီစဉ်နေတာဖြစ်ပြီး ဆောက်လုပ်ရေးကာလကို လေးနှစ်နဲ့ငါးလ ကြာမြင့်မယ်လို့ သိရပါတယ်။

play

 

မြေအောက်ပိုက်လိုင်းသာ ဆောက်ပြီးရင်တော့ ရှေးဟောင်းမြို့လေးထဲမှာ တစ်ပတ်ကို ဘီယာထရပ်ကား ၁၀ စီးနဲ့ ၁၅ စီးလောက်နဲ့ သယ်နေစရာမလိုတော့ပါဘူး။ ဒါ့ပြင် ဘီယာကို မြေအောက်ပိုက်လိုင်းက သယ်ဆောင်တဲ့ ပထမဆုံးကုမ္ပဏီလည်း ဖြစ်လာပါလိမ့်မယ်။

Source : Independent

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ