Food & Travel: မိကျောင်းကို ရန်စရဲတဲ့ သတ္တိခဲဖျံ

စိတ်လျှော့သွားတဲ့မိကျောင်းက လာရာလမ်းအတိုင်းလှည့်လို့ ရေထဲကိုပြန်ဆင်းသွားခဲ့ပါတယ်။

play

 

အိန္ဒိယနိုင်ငံ ဂျင်မ် ကောဘတ် အမျိုးသားဥယျာဉ်ထဲက ဖျံလေးတစ်ကောင်ကိုတော့ သတ္တိခဲဖျံလို့ပဲ ခေါ်ရမလား မိုက်ရူးရဲဆန်လွန်းတယ်လို့ပဲ ပြောရမလားဆိုတာ ခေါင်းစဉ်တပ်ရခက်ပါလိမ့်မယ်။ ဒါပေမဲ့ သူ့လုပ်ရပ်မျိုးတော့ ဘယ်ဖျံကမှ လုပ်ဖူးမယ်မထင်ပါဘူး။

play

 

ချောင်းစပ်က ကျောက်တုံးတွေကြားမှာ အေးအေးလူလူရှိနေတဲ့ မိကျောင်းတစ်ကောင်ကို ဘယ်ကရောက်လာမှန်းမသိတဲ့ ဖျံတစ်ကောင်က ရန်စတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ရုတ်တရက် အမြီးကို အကိုက်ခံရလို့ မိကျောင်းက လန့်သွားပုံရပါတယ်။ သူ့အနေနဲ့ ဘာမှပြန်မလုပ်နိုင်ခင်မှာပဲ ဖျံက နောက်တစ်ကြိမ်ထပ်ကိုက်လိုက်ပါသေးတယ်။

play

 

မျက်နှာချင်းဆိုင်ပြီး ပြန်တိုက်ခိုက်ဖို့ ပြင်လိုက်ချိန်မှာတော့ သတ္တိခဲဖျံလည်လေးက လွတ်မြောက်ရာကို ရှောင်ထွက်သွားပါတော့တယ်။ ဖျံကိုမမိတော့တဲ့အဆုံး စိတ်လျှော့သွားတဲ့မိကျောင်းက လာရာလမ်းအတိုင်းလှည့်လို့ ရေထဲကိုပြန်ဆင်းသွားခဲ့ရပုံတွေကို နယူးဒေလီဓာတ်ပုံဆရာ ရာမင်ဒါ ဆင်းနာ့က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

Source : Caters News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ