Food & Travel: ခရမ်းချဉ်သီးနဲ့ နှင်းဆီပွင့်လေး ပြုလုပ်နည်း

အနာအဆာမပါတဲ့ ခရမ်းချဉ်သီးဖြစ်ဖို့ အရေးကြီးပါတယ်။

play

 

အစားအသောက်ဟင်းလျာပွဲတွေကို တည်ခင်းရာမှာ နှင်းဆီပွင့်ပုံ ပြုလုပ်ထားတဲ့ ခရမ်းချဉ်သီးတွေကို ထည့်သွင်းပေးကြတာ မြင်ဖူးမှာပါ။ ချစ်ဖို့လည်းကောင်းသလို စားလို့လည်းရတာမို့ နှစ်သက်ကြပါတယ်။ ဟင်းပွဲကိုလည်း ပိုပြီး အမြင်တင့်တယ်သွားတာပေါ့။ ခရမ်းချဉ်သီးနှင်းဆီပွင့်လေးလုပ်ရတာ မခက်ပါဘူး။

play

 

အရွယ်အစား မကြီးမသေးလွန်းတဲ့ ခရမ်းချဉ်သီးမာမာလေးကို ရွေးချယ်ပါ။ ဓားပါးလေးတစ်လက်နဲ့ပဲ ပုံဖော်ရမှာဖြစ်လို့ ဓားက ထက်နေဖို့တော့ လိုပါတယ်။

play

 

ခရမ်းချဉ်သီးရဲ့အောက်ဘက် ထိပ်ဖျားကို စပြီးအခွံနွှာပါ။ အခွံကို ပြတ်ထွက်မသွားစေဘဲ ဝိုက်ဝိုက်ပြီး နွှာသွားရမှာဖြစ်ပါတယ်။ ပန်းသီးအခွံနွှာသလိုမျိုးနဲ့ အတူတူပါပဲ။ ဒါပေမဲ့ နှင်းဆီပွင့်လေးလုပ်မှာဆိုတော့ အခွံကိုပြတ်မသွားအောင် ဂရုစိုက်ရပါတယ်။

play

 

ရလာတဲ့အခွံကို ပုံထဲကလို လိပ်ပေးရမှာဖြစ်ပါတယ်။ တင်းတင်းလေးလိပ်ပါ။ အခွံဆုံးခါနီးရောက်ရင်တော့ နည်းနည်းလျော့လျော့ လိပ်ရပါမယ်။

play

 

အားလုံးပြီးသွားတဲ့အခါ လှပတဲ့ ခရမ်းချဉ်သီးနှင်းဆီလေး ရပြီပေါ့။ ဟင်းပွဲတွေကို ပိုလှသွားအောင် တန်ဆာဆင်လို့ရပါပြီ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ