Food & Travel: တစ်ကြိမ်စီးလျှင် မြန်မာငွေ သိန်းခြောက်ရာကျော် ကျသင့်မယ့် ဇိမ်ခံလေယာဉ်

လေပေါ်မှာရောက်ရှိ ပျံသန်းနေတဲ့ ကြယ်ငါးပွင့်အဆင့် ဟိုတယ်တစ်ခုအသွင် ခံစားရနိုင်မယ်လို့ ဆိုပါတယ်။

play


အမေရိကန် အခြေစိုက် ခရီးသွားကုမ္ပဏီ Crystal က ကြီးကျယ်ခမ်းနားလှတဲ့ Boeing 777-200LR ဇိမ်ခံလေယာဉ်ကြီးကို မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ လေယာဉ်ကြီးမှာ စီးနင်းလိုက်ပါသူတွေဟာ ကြယ်ငါးပွင့်အဆင့် ဟိုတယ်မှာကဲ့သို့ ဝန်ဆောင်မှုတွေ ရရှိမယ်လို့ ဆိုပါတယ်။

play


ကမ္ဘာကျော် Michelin Star စားသောက်ဆိုင်တွေကလို စားသောက်ဖွယ်ရာတွေကိုလည်း ရနိုင်မှာ ဖြစ်ပါတယ်။ Crystal ရဲ့ အလန်းစား ဇိမ်ခံလေယာဉ်ကြီးကို ၂၀၁၇ ခုနှစ် ဆောင်းဦးရာသီမှာ စတင်ပျံသန်း ဝန်ဆောင်မှုပေးသွားမှာပါ။

play


လေယာဉ်ကြီးပေါ်မှာ စားသောက်ခန်းမ၊ ဧည့်ခန်းနဲ့ အိပ်ရာတွေပါဝင်ပြီး လေပေါ်မှာရောက်ရှိ ပျံသန်းနေတဲ့ ကြယ်ငါးပွင့်အဆင့် ဟိုတယ်တစ်ခုအသွင် ခံစားရနိုင်မယ်လို့ ဆိုပါတယ်။

play


လေယာဉ်ပေါ်မှာ မြန်နှုန်းမြင့် Wi-Fi အင်တာနက်ကိုလည်း အသုံးပြုနိုင်မှာပါ။ လေယာဉ်မှာ သက်သောင့်သက်သာရှိစေမယ့် ထိုင်ခုံ ၈၄ ခုံ ပါရှိပြီး အိပ်ရာအဖြစ် ပြောင်းလဲအိပ်စက်နိုင်ပါတယ်။

play


လေယာဉ်ရဲ့ သန့်စင်ခန်းအတွင်းမှာလည်း နာမည်ကြီး အီတလီဖက်ရှင်ကုမ္ပဏီ Etro ရဲ့ မွှေးကြိုင်သင်းပျံ့နေတဲ့ အသုံးအဆောင်တွေကို သုံးနိုင်မှာပါ။

play


ဇိမ်ခံလေယာဉ်ကြီးနဲ့ ၁၄ ရက်၊ ၂၁ ရက်၊ ၂၈ ရက်ကြာ ခရီးစဉ်များ သွားရောက်နိုင်မှာဖြစ်ပြီး ရက်အနည်းဆုံး ခရီးစဉ်အတွက် မြန်မာငွေ သိန်းခြောက်ရာကျော် (အမေရိကန်ဒေါ်လာ ၅၀,၀၀၀) ကျသင့်မှာ ဖြစ်ပါတယ်။

play


Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ