Food & Travel: ပိုပြီးကျန်းမာစေဖို့ တွဲဖက်စားသုံးသင့်တဲ့ အစားအစာ (၁၀) မျိုး

ပုံမှန်အားဖြင့် မိမိစားသုံးလိုက်တဲ့ သစ်သီးဝလံတွေကနေ သံဓာတ်ပမာဏအပြည့်အဝကို ခန္ဓာကိုယ်က မစုပ်ယူနိုင်ပါဘူး။

play

 

သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေဟာ ခန္ဓာကိုယ်မှာ ရောဂါဘယတွေမဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်းတွေ ရှိကြပါတယ်။ ဒါပေမဲ့ ဟင်းသီးဟင်းရွက်တွေမှာပါတဲ့ ဗီတာမင်နဲ့အာဟာရဓာတ်တွေကို ခန္ဓာကိုယ်က အပြည့်အဝ မစုပ်ယူနိုင်ပါဘူး။ တချို့အရာတွေက တွဲဖက်စားသုံးပေးတဲ့အခါ ကျန်းမာရေးပိုပြီးကောင်းစေမှာပါ။

၁။ ဆော်လမွန်ငါးနဲ့ ဝိုင်

ဆော်လမွန်ငါးမှာ ပါဝင်တဲ့ အိုမီဂါ - ၃ ဟာ ဝိုင်နဲ့ထိတွေ့တဲ့အခါ ပိုပြီးအစွမ်းထက်သွားပါတယ်။ အထူးသဖြင့် ဦးနှောက်ကိုပိုပြီးကျန်းမာတက်ကြွစေပါတယ်။

play

 

၂။ ခရမ်းချဉ်သီးနဲ့ သံလွင်ဆီ

ခရမ်းချဉ်သီးလိုမျိုး ကယ်ရိုတီးနွိုက်ကြွယ်ဝတဲ့ အစားအစာတွေကို သံလွင်ဆီ ၃ ဂရမ်မှ ၅ ဂရမ်အထိ တွဲဖက်စားပေးရင် ရောဂါကာကွယ်နိုင်စွမ်း ပိုမြင့်တက်လာမှာပါ။ ခန္ဓာကိုယ်ကလည်း ခရမ်းချဉ်သီးမှာပါတဲ့ အာဟာရဓာတ်တွေကို ပိုစုပ်ယူနိုင်ပါလိမ့်မယ်။

play

 

၃။ ကြက်ပေါင်နဲ့ ကန်စွန်းဥ

ကန်စွန်းဥဝါမှာ ပါဝင်တဲ့ ဗီတာမင်အေဟာ ကြက်ပေါင်မှာ ပါဝင်တဲ့ ဇင့်ဓာတ်ကြောင့် ကိုယ်ခံအားကို မြင့်တက်လာစေပါတယ်။ ဇင့်ကြောင့် ဗီတာမင်အေ စုပ်ယူနိုင်မှုအားကောင်းလာမှာဖြစ်ပါတယ်။

play

 

၎။ ငရုတ်သီးနဲ့ပဲကတ္တီပါ

ဘာကြောင့် တွဲဖက်စားသင့်တာလဲဆိုရင် ခန္ဓာကိုယ်ရဲ့ သံဓာတ်စုပ်ယူနိုင်စွမ်း ပိုကောင်းစေတဲ့အပြင် စွမ်းအင်တွေ ပိုကောင်းလာစေတာကြောင့်ပါပဲ။ ပုံမှန်အားဖြင့် မိမိစားသုံးလိုက်တဲ့ သစ်သီးဝလံတွေကနေ သံဓာတ်ပမာဏအပြည့်အဝကို ခန္ဓာကိုယ်က မစုပ်ယူနိုင်ပါဘူး။ ငရုတ်သီးနဲ့ပဲကတ္တီပါ တွဲစားပေးတဲ့အခါ သံဓာတ်စုပ်ယူနိုင်စွမ်း မြင့်မားလာပါလိမ့်မယ်။

play

 

၅။ နို့နဲ့ငှက်ပျောသီး

နွားနို့မှာ ကယ်လ်ဆီယံဓာတ်ကြွယ်ဝစွာပါဝင်ပြီး အရိုး၊ သွားနဲ့ ကြွက်သားလုပ်ဆောင်ချက်တွေကို အားကောင်းစေပါတယ်။ ငှက်ပျောသီးလိုမျိုး အမျှင်ဓာတ်ကြွယ်ဝတဲ့အရာတွေနဲ့ နို့ကို တွဲဖက်သုံးဆောာင်တဲ့အခါ ခန္ဓာကိုယ်မှာ ကယ်လ်ဆီယံဓာတ် ပိုမိုရရှိနိုင်မှာဖြစ်ပါတယ်။ ငှက်ပျောသီးနဲ့နို့ကို ရောကြိတ်ပြီး milk shake အဖြစ်သောက်နိုင်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ