Food & Travel: ကမ္ဘာ့အရှည်လျားဆုံး ရှုမျှော်ခင်းကြည့် စက်လှေကား

တရုတ်နိုင်ငံရဲ့ Enshi Grand Canyon ကို အချိန် ၁၈ မိနစ်တည်းနဲ့ လည်ပတ်နိုင်တော့မှာပါ။

play

 

လမ်းလျှောက်စရာမလိုဘဲ စက်လှေကားပေါ်မှာ လိုက်ပါစီးနင်းရင်း ပတ်ဝန်းကျင်ရှုခင်းတွေကို ကြည့်ရှုခံစားနိုင်မယ့် စက်လှေကားကို တရုတ်နိုင်ငံမှာ ဖွင့်လှစ်ပါတော့မယ်။ တရုတ်နိုင်ငံ ဟူဘေးပြည်နယ်ထဲက Enshi Grand Canyon ရဲ့ ရှုခင်းတွေကို စက်လှေကားပေါ်မှာ စီးနင်းပြီး ကြည့်ရှုနိုင်မှာပါ။

play

 

အရှည်က ၂၂၆၀ ပေ ရှိတဲ့ ကမ္ဘာ့အရှည်လျားဆုံး ရှုမျှော်ခင်းကြည့် စက်လှေကားဟာ Enshi Grand Canyon ရဲ့ရှုခင်းတွေကို အပင်ပန်းခံလမ်းလျှောက်စရာမလိုဘဲ ၁၈ မိနစ်တည်းနဲ့ ကြည့်ရှုနိုင်တော့မှာဖြစ်ပါတယ်။

play

စတီး၊ သစ်သားနဲ့ ကွန်ကရစ်အသုံးပြုဆောက်လုပ်ထားတဲ့ ဒီစက်လှေကားကြီးကို ပေါင် ၄.၃ သန်း အကုန်ကျခံဆောက်လုပ်ခဲ့တယ်လို့ သိရပါတယ်။ တစ်နာရီကို လူပေါင်း ၇၃၀၀ လိုက်ပါစီးနင်းနိုင်မယ့် စက်လှေကားကြီးကြောင့် Enshi Grand Canyon ကို နှစ်စဉ် လာရောက်လည်ပတ်သူ ၆၀၀,၀၀၀ လောက်တိုးလာဖို့ ရည်ရွယ်ထားပါတယ်။

play

 

စက်လှေကားကြီးကို ၂၀၁၁ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပေမဲ့ အပြည့်အဝမဟုတ်သေးဘဲ နေရာအနည်းငယ်ကိုသာ စီးနင်းခွင့်ပေးခဲ့တာပါ။ ယခုတော့ ဆောက်လုပ်ရေးတွေပြီးစီးသွားပြီးနောက် အပြီးသတ်ဖွင့်လှစ်လိုက်တာလည်းဖြစ်ပါတယ်။ တစ်ကြိမ်စီးနင်းမယ်ဆိုရင်တော့ လူတစ်ဦးကို ၂.၄၄ ပေါင် ပေးရပါလိမ့်မယ်။ 

Source : Mirror

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ