Food & Travel: လူတိုင်း အချိန်မရွေး အခမဲ့သောက်နိုင်အောင် ဝိုင်ကို ပိုက်ခေါင်းနဲ့ ထားပေးတဲ့ အီတလီမြို့လေး

အလည်အပတ်သွားချင်စရာနေရာလေးပါ။

play

 

အီတလီနိုင်ငံ၊ အဘရူဇိုဒေသ၊ ကယ်လ်ဒါရီဒီအော်တိုနာမြို့ဟာ တကယ့်ကို လည်ပတ်ချင်စရာကောင်းတဲ့ နေရာလေးတစ်နေရာဖြစ်ပါတယ်။

အီတလီရဲ့နာမည်ကြီး ဘာသာရေးနေရာတစ်ခုကိုသွားတဲ့ လမ်းကြောင်းလည်းရှိတဲ့ အဲဒီမြို့လေးမှာ ဝိုင်ခြံတွေက မြင်ကွင်းတစ်ဆုံးပါပဲ။

ဒါပေမဲ့ နောက်ထပ် စိတ်ဝင်စားစရာတစ်ခုကတော့ မကြာသေးခင်ကမှ ထပ်မံထည့်သွင်းလိုက်တာပါ။

play

 

ကယ်လ်ဒါရီဒီအော်တိုနာမြို့လေးကို သွားလည်မယ်ဆိုရင် ထူးခြားတဲ့ ရေပိုက်ခေါင်းလေးတစ်ခုကို တွေ့ရပါလိမ့်မယ်။

အဲဒီရေပိုက်ခေါင်းလေးကို ဖွင့်လိုက်မယ်ဆိုရင် အမြဲတမ်း အခမဲ့ပေးတဲ့ ဝိုင်ကို စိတ်ကြိုက်သောက်နိုင်မှာဖြစ်ပါတယ်။

play

 

အဲဒီဝိုင်ပိုက်ခေါင်းကို ဝိုင်ခြံနဲ့ ဘုရားဖူးလမ်းကို ကာကွယ်ပေးတဲ့ အကျိုးအမြတ်မမျှော်ကိုးတဲ့အဖွဲ့အစည်းတစ်ခုတို့ ပူးပေါင်းပြီး ပြုလုပ်လိုက်တာဖြစ်ပါတယ်။

ခြေကျင်ခရီးရှည်ကြီးကိုသွားရမယ့် လူတွေအားလုံး ရေငတ်ပြေစေဖို့အတွက် ရည်ရွယ်ပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ