Food & Travel: ကမ္ဘာ့အကြီးဆုံး ဇိမ်ခံရွက်သင်္ဘောကြီး စတင်ရေချ

Elizabeth မျှော်စင်ထက် ပိုမြင့်ပါတယ်။

play

 

ကမ္ဘာ့အကြီးဆုံး ဇိမ်ခံရွက်သင်္ဘောကြီးကို တနင်္ဂနွေနေ့မှာ ရေချပြီး စတင်စမ်းသပ်မောင်းနှင်ခဲ့တယ်လို့ သိရပါတယ်။ ဒီသင်္ဘောကြီးရဲ့တန်ဖိုးဟာ ပေါင်စတာလင် သန်း ၂၆၀ ရှိပါတယ်။

play

 

Sailing Yacht A အမည်ရှိ ဒီသင်္ဘောကြီးကို ရုရှားဘီလျံနာ အန်ဒရေ မယ်လ်နီချန်ကိုက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ စမ်းသပ်ရေချမှုကိုတော့ ဂျမနီမြောက်ပိုင်း Strange ဒေသမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

play

 

အထပ် ၈ ထပ် ပါဝင်တဲ့ ဇိမ်ခံရွက်သင်္ဘောကြီးဟာ အရှည် ၄၆၈ ပေ၊ အမြင့် ၃၃၀ ပေ ရှိတာကြောင့် လန်ဒန်မြို့ရဲ့အမြင့်ဆုံးအဆောက်အအုံဖြစ်တဲ့ Elizabeth (အဲလစ်ဇဘက်)မျှော်စင်ထက် ပိုမြင့်ပါတယ်။ သင်္ဘောမှာတပ်ဆင်ထားတဲ့ အနက်ရောင်ဖန်ချပ်တွေမှာ အာရုံခံစနစ်ပါဝင်လို့ ရွက်နဲ့ ကျောက်ဆူး အတင်အချကို ဒစ်ဂျစ်တယ်စနစ်နဲ့ထိန်းချုပ်နိုင်တယ်လို့ သိရပါတယ်။

play

 

ကာဘွန်ဖိုက်ဘာနဲ့ ပြုလုပ်ထားတဲ့ ရွက်တိုင်တွေကို ပို့စမောက်မှာ အထူးပြုလုပ်ထားခဲ့တာဖြစ်ပြီး ကမ္ဘာ့အခိုင်ခံ့ဆုံး ရွက်တိုင်တွေလည်းဖြစ်ပါတယ်။ အဓိကရွက်တိုင်ကြီးက ပေ ၃၀၀ မြင့်ပြီး ထိပ်ဖျားပိုင်းမှာ အခန်းငယ်တစ်ခုလည်း ပြုလုပ်ပေးထားပါတယ်။ သံမဏိကိုယ်ထည် ရွက်သင်္ဘောကြီးဟာ ဟိုက်ဒရစ် ဒီဇယ်-လျှပ်စစ် စနစ်ကို အသုံးပြုမောင်းနှင်မှာဖြစ်ပြီး တစ်နာရီကို ၂၄ မိုင်နှုန်းနဲ့ သွားနိုင်တယ်လို့ သိရပါတယ်။

Source : Daily Mail

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ