Food & Travel: ဝိုင်အရသာ ပိုကောင်းချင်ရင် ချိစ်နဲ့တွဲဖက်သုံးဆောင်ပါ

အချို့အစားအသောက်တွေဟာ နောက်တစ်မျိုးနဲ့ တွဲဖက်စားသုံးတဲ့အခါ အရသာပိုမိုပေါ်လွင်လာတတ်ပါတယ်။

play

 

ချိစ်ကို တွဲဖက်စားသုံးခြင်းဟာ ဝိုင်ရဲ့အရသာကို ပိုမိုကောင်းမွန်စေနိုင်ကြောင်း လေ့လာမှုတစ်ခုအရ သိရပါတယ်။  ဒီလေ့လာမှုကို ပြင်သစ်နိုင်ငံ ဒီဂျွန်းမြို့က "အရသာနဲ့စားသောက်မှုအလေ့အထ လေ့လာရေးစင်တာ" ရဲ့ သုတေသီတွေက တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

play

 

မတူညီတဲ့ ဝိုင် ၃၁ မျိုးကို ချိစ်နဲ့ တွဲဖက်သုံးဆောင်စေပြီး ရလဒ်ကို လေ့လာခဲ့ကြတာပါ။ မည်သည့်ဝိုင်မဆို ချိစ်နဲ့ တွဲဖက်သုံးဆောင်ရင် အနံ့အရသာ ပိုမိုပေါ်လွင်လာတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ပါးစပ်ခြောက်သွေ့ခြင်းလည်း မရှိတော့ပါဘူး။

play

 

ချိစ်အမျိုးမျိုးနဲ့ ဝိုင်အမျိုးမျိုးကို တွဲဖက်သုံးဆောင်ရာမှာ မည်သည့်ချိစ်အမျိုးအစားမဆို ဝိုင်တိုင်းကို အရသာရှိစေနိုင်တာဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။ ဒီသုတေသန ရလာဒ်ကို Food Science ဂျာနယ်မှာဖော်ပြခဲ့ပါတယ်။

Source : Telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ