Food & Travel: အအေးဒဏ်ခံနိုင်အောင် အနွေးထည်နဲ့နေရတဲ့ ပင်ဂွင်းလေး

သူ့ကိုကြည့်ရတာ ဒီအကျီကို သဘောကျပုံပါပဲ။

play

 

SeaWorld အဏ္ဏဝါပြတိုက်ကို အလည်သွားတဲ့အခါ ပင်ဂွင်းအင်ပါယာကိုရောက်ရင် ထူးထူးခြားခြား အနွေးထည်လေးနဲ့ ပင်ဂွင်းငယ်လေးတစ်ကောင်ကို တွေ့ရပါလိမ့်မယ်။

play

 

ဒီပင်ဂွင်းမလေးမှာ အမွေးတွေ မရှိတော့ပါဘူး။ အမွေးမရှိတဲ့အခါ အပူ၊အအေးဒဏ်ကို ခံနိုင်ရည်ရှိမှာမဟုတ်တဲ့အတွက် သူမရဲ့အသက်လည်း ဆုံးရှုံးသွားရနိုင်ပါတယ်။ အမွေးမရှိလို့ အနွေးဓာတ်မရနိုင်တဲ့ ပင်ဂွင်းမလေးကို မာရီယာ ဘာရတ်တိုဆိုတဲ့ ဒီဇိုင်နာက အနွေးဓာတ်ရမယ့် ဝတ်စုံကို ဖန်တီးခဲ့တာဖြစ်ပါတယ်။

play

 

SeaWorld စာတမ်းပါ အနွေးထည်လေးက ပင်ဂွင်းမလေးကို ရေထဲမှာသာမက ဘယ်နေရာပဲရောက်ရောက် အနွေးဓာတ်ရနေစေမှာပါ။ ပင်ဂွင်းလေးကလည်း သူမရဲ့ကိုယ်ပိုင်ဝတ်စုံလေးနဲ့ အသားတကျရှိပြီး စမတ်ကျကျ လန်းနေပါတော့တယ်။

Source : Guardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ