Food & Travel: အချိန်တိုတွင်း နိုင်ငံစုံအောင်ရောက်ဖို့ လက်တွေ့ကြိုးစားနေသူလေး

၁၅ လအတွင်း မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၈၀ ကို ရောက်ခဲ့ပြီးပါပြီ။

play

 

ကက်စီ ဒီ ပီကိုလ် ဆိုသူ အသက် ၂၇ နှစ်အရွယ် ဝါရှင်တန်မြို့သူလေးက ကမ္ဘာ့နိုင်ငံအစုံကို အချိန်တိုအတွင်း ရောက်နိုင်တဲ့အမျိုးသမီးအဖြစ် ဂင်းနစ်စံချိန်တင်နိုင်အောင် လက်တွေ့ကြိုးစားနေပါတယ်။ ထိုင်ဝမ်၊ ကိုဆိုဗိုနဲ့ ပါလက်စတိုင်းတို့အပါအဝင် နိုင်ငံပေါင်း ၁၉၆ ခုကို ရောက်ဖို့အတွက် သူမမှာ အချိန် ၄၅ ရက် ကျန်ပါသေးတယ်။  လက်ရှိမှာတော့ နိုင်ငံပေါင်း ၁၈၀ ကို ရောက်ခဲ့ပြီးပါပြီ။

play

 

သူမရဲ့ခရီးစဉ်ကို ၂၀၁၅ ခုနှစ် ဇူလိုင်လမှာ စတင်ခဲ့တာပါ။ ၁၅ လအတွင်းမှာ လေယာဉ် ၂၅၄ စီး ကို စီးနင်းပြီး နိုင်ငံပေါင်း ၁၈၀ ကို ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ကုန်ကျစရိတ်ကတော့ ဒေါ်လာ ၁၉၈,၀၀၀ (ပေါင်စတာလင် ၁၆၁,၈၈၀) ကုန်ခဲ့ပြီးပြီလို့ သိရပါတယ်။ သူမရဲ့ ကြိုးစားမှုအထမြောက်အောင် ထောက်ပံ့သူတွေလည်းရှိလို့ ခုလိုသွားနိုင်တာဖြစ်ပါတယ်။ သူမရဲ့အင်စတာဂရမ်မှာ ရောက်ခဲ့တဲ့နေရာတွေ၊ အဆင့်မြင့်ဟိုတယ်တွေရဲ့ပုံတွေကို တင်ပေးရင်း အထောက်အပံ့ရခဲ့ပါတယ်။

play

 

အသက် ၂၅ နှစ်မှာ အမှတ်တရအနေနဲ့ "ကမ္ဘာ့နိုင်ငံအားလုံးကို အမြန်ဆုံးရောက်နိုင်တဲ့ အမျိုးသမီး" အဖြစ် ဂင်းနစ်စံချိန်ရအောင် ကြိုးစားခဲ့တာလို့ သူမက ဆိုပါတယ်။ နိုင်ငံတိုင်းရဲ့ ရိုးရာယဉ်ကျေးမှုတွေ၊ ဓလေ့စရိုက်တွေကို လေ့လာချင်တာလည်း ပါဝင်တယ်လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

Source : Mail Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ