Food & Travel: ဝိုင်ပုလင်းမှာစွပ်ဖို့အတွက် ထုတ်လုပ်ထားတဲ့ ဝိုင်ကွန်ဒုံး

တခြားပုလင်းတွေမှာ စွပ်မယ်ဆိုလည်း ရပါတယ်။

 

ဝိုင်ပုလင်းကို ကွန်ဒုံးစွပ်ပြီး ဘာလုပ်ဖို့လဲတော့ မမေးပါနဲ့။ ဝိုင်ပုလင်းကောင်းကောင်းတွေကို အနံ့အရသာမပျောက်အောင် ပိတ်ထားဖို့သက်သက်ပါ။

 

မစ်ချဲလ် စထရာဟန်ဆိုသူက ဒီဝိုင်ကွန်ဒုံးကို ဖန်တီးခဲ့သူဖြစ်ပါတယ်။ ဝိုင်ပုလင်းဆို့ဟာ သစ်သားနဲ့ပြုလုပ်ထားတဲ့အပြင် ဝိုင်ပုလင်းအပြင်ဘက်ကို ထပ်ပြီးရှည်ထွက်နေတာကြောင့် နေရာထားသိုမှုမှာ အခက်အခဲဖြစ်နိုင်ပါတယ်။ အဲ့ဒီအစား ဝိုင်ပုလင်းကို ဝိုင်ကွန်ဒုံးလေးနဲ့ ပိတ်ထားမယ်ဆို ပိုပြီးလုံခြုံစိတ်ချရမှာဖြစ်ပါတယ်။

 

ပုလင်းအဝမှာ ဝိုင်ကွန်ဒုံးကို စွပ်ထားပြီး ပုလင်းကိုဖွင့်မယ်ဆို အပေါ်ကိုလိပ်တင်လိုက်ရုံပါပဲ။ ပြန်ပိတ်မယ်ဆို ပြန်ဆွဲချပေါ့။ လက်နဲ့ညှစ်ပြီး နေရာချလိုက်ရင် ဝိုင်ပုလင်းဟာ လေလုံရေလုံဖြစ်သွားပါလိမ့်မယ်။ ဝိုင်ကွန်ဒုံးကို ဝိုင်ပုလင်းမှာသာမက အခြားပုလင်းတွေမှာလည်း စွပ်ပြီး သုံးလို့ရပါသေးတယ်။ ရောင်းဈေးကတော့ တစ်ခုကို ၁၃ ပေါင်လောက် ရှိပါတယ်။

Source : Metro, Winecondoms.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ