Food & Travel: ခရမ်းချဉ်သီးနဲ့ ကြာပွင့်ပုံလေး ဖော်ရအောင်

ခရမ်းချဉ်သီးကို မလှီးဖြတ်မီမှာ ရေခဲရေနဲ့စိမ်ပါ။

 

အစားအစာတစ်ခု စားချင်စဖွယ်ဖြစ်စေဖို့ဆိုတာ အနံ့အရသာနဲ့တင် မပြီးပါဘူး။ ခင်းကျင်းပြင်ဆင်မှုလည်း လိုပါသေးတယ်။ ဟင်းပွဲတွေမှာ စားလို့ရတဲ့အရာတွေနဲ့ပဲ လှပအောင်ဆင်ယင်ဖို့ ခရမ်းချဉ်သီးကို အသုံးများပါတယ်။ ခရမ်းချဉ်သီးနဲ့ ကြာပွင့်ပုံစံလေး ပြုလုပ်ကြရအောင်ပါ။ ခရမ်းချဉ်သီးမှည့် မာမာလေးတစ်လုံးနဲ့ အခွံနွှာတဲ့ဓားသေးသေး (ပုံစံပိုလှချင်ရင်တော့ လွှလိုဓားသွားကိုရွေးပါ) တစ်လက် လိုအပ်ပါမယ်။ အရေးကြီးတာက ခရမ်းချဉ်သီးကို မလှီးဖြတ်မီမှာ ရေခဲရေနဲ့စိမ်ဖို့ပါ။ ဒီတော့မှ ပုံလှလှလေးထွက်လာမှာပေါ့။

play

 

ခရမ်းချဉ်သီးအလယ်တည့်တည့်ကို ဓားထိုးသွင်းပြီး N ပုံသဏ္ဌာန်မျဉ်းစောင်းတွေဖြစ်အောင် လှီးပေးပါ။ တစ်ခုနဲ့တစ်ခုကြားမှာ ၂ စင်တီမီတာခန့် ချန်ထားရပါမယ်။ ပြီးရင် နှစ်ပိုင်း ခွဲထုတ်လိုက်ပါ။

play

 

ခုဆိုရင် ပန်းပွင့်ပုံလေး မြင်ရမှာဖြစ်ပါတယ်။ မျဉ်းစောင်းတွေအတိုင်း အပြင်အလွှာကို ဓားပါးလေးနဲ့ အရာပေးပြီး ဓားနဲ့ခွာလိုက်ပါ။ ဒါဆိုရင် ပွင့်ဖတ်လေးတွေပြန့်ကားနေတဲ့ ခရမ်းချဉ်သီးကြာပွင့်လေးကို ရသွားပါပြီ။

Source : Instructable

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ