Food & Travel: အာလူးရည်ရဲ့ အစွမ်း

ဝက်ခြံတွေ အထွက်များတဲ့အခါ သောက်သုံးပေးသင့်ပြီး အသားအရေကို ကြည်လင်စေပါတယ်။

play

 

လူတိုင်းက အာလူးကို ပြုတ်စားတာ၊ကြော်စားတာ၊ ချက်စားတာမျိုး လုပ်ကြပါတယ်။  အာလူးရည်ကိုတော့ သုံးစွဲသူနည်းပါတယ်။ အားလူးရည်ကို အခြားဖျော်ရည်တွေနဲ့ တွဲစပ်သောက်သုံးလို့ရသလို ပျားရည်တို့၊ သံပရာရည်တို့နဲ့ တွဲစပ်သောက်သုံးလို့ရပါတယ်။ အာလူးရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁ - အသားအရေခြောက်သွေ့မှု

အသားအရေခြောက်တဲ့အခါ အာလူးဖျော်ရည်ကို တစ်နေ့တစ်ခွက်လောက်သောက်ပေးသင့်ပါတယ်။ အသားအရေညစ်တာတွေကိုလည်း ပျောက်စေပါတယ်။

play

 

၂ - ကိုလက်စထရော

ကိုလက်စထရောကို လျှော့ချဖို့ အထူးကောင်းမွန်တဲ့ ဖျော်ရည်လည်း ဖြစ်ပါတယ်။

၃ - အယ်ဇီးမား

နေ့စဉ်သောက်သုံးပေးတဲ့အခါ အယ်ဇီးမား ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

၎ - ဝက်ခြံ

ဝက်ခြံတွေ အထွက်များတဲ့အခါ သောက်သုံးပေးသင့်ပြီး အသားအရေကို ကြည်လင်စေပါတယ်။

play

 

၅ - ဝိတ်ကျ

ဝိတ်ချနေတဲ့လူတွေဆိုရင်တော့ မနက်တိုင်း မနက်စာ မစားမီသောက်သုံးပေးသင့်ပါတယ်။ ညဘက်မှာတော့ အိပ်ရာမဝင်မီ နှစ်နာရီ သုံးနာရီ အလိုလောက်မှာ သောက်သင့်ပါတယ်။ နေ့စဉ်သောက်သုံးပေးရမှာ ဖြစ်ပါတယ်။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ