Food & Travel: ဖြည်းဖြည်း စားကျင့်ရှိအောင် ဘယ်လိုလေ့ကျင့်မလဲ

လျှာပေါ်က ဖြစ်ပေါ်လာတဲ့ အရသာတင်မကဘဲ အနံ့နဲ့ အရောင်ကိုပါ ခံစားပါ။

play

 

အစားစားတဲ့အခါ အလွန်လျင်မြန်စွာ စားတာဟာ အစာအိမ်အတွက် မကောင်းပါဘူး။ အမြန်စားတဲ့အကျင့်ရှိနေသူတွေအတွက် ဖြည်းဖြည်းစားကျင့်ရနိုင်မယ့် နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

play

 

၁ - သတိပေး

မစားခင် ဖြည်းဖြည်းစားမယ်လို့ ကိုယ့်ကိုယ်ကိုယ် သတိပေးပါ။ စားတဲ့အခါ လျှာပေါ်က ဖြစ်ပေါ်လာတဲ့ အရသာတင်မကဘဲ အနံ့နဲ့ အရောင်ကိုပါ ခံစားပါ။ မစားခင်ရေတစ်ခွက်သောက်ရမှာ ဖြစ်သလို စားပြီးရင်လည်း ရေတစ်ခွက်သောက်ရမှာပါ။

play

 

၂ - သက်သောင့်သက်သာ

မစားမီ သက်သောင့်သက်သာ ရှိနေဖို့လိုပါတယ်။ စိတ်လက်မကြည်မသာ ဖြစ်တာ၊ ဒေါသတွေထွက်နေတာ၊ စတဲ့ စိတ်အခြေအနေတွေကြောင့် လျင်မြန်စွာ စားမိလေ့ရှိပါတယ်။

play

 

၃ - ဇွန်းနဲ့စား

ဇွန်းနဲ့စားပေးပါ။ တစ်ဇွန်းစားပြီးတဲ့အခါတိုင်း ဇွန်းကိုတစ်ခါ ချထားပေးပါ။ ဇွန်းချထားတဲ့အချိန်မှာ ဟင်းချိုသောက်တာ၊ အစာကို အရသာခံပြီး ကြေညက်အောင် ဝါးတာမျိုးလုပ်ပါ။

play

 

၎ - မိနစ် ၂၀

ထမင်းတစ်ခါစားဖို့ အနည်းဆုံး အချိန်မိနစ် ၂၀ ယူသင့်ပါတယ်။ ရပ်လိုက်တဲ့အချိန်မှာ ဗိုက်တအား တင်းမနေသင့်သလို ဆာသလိုဖြစ်မနေ သင့်ပါဘူး။

Photos & Source wikiHow

ထမင်းစားတဲ့အခါ မိနစ် ၂၀ ကြာလား»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ