Food & Travel: နိုင်ငံအသီးသီးက နှစ်သစ်ကိုကြိုဆိုကြတဲ့ ဓလေ့များ

အိမ်ရှေ့တံခါးဝကို ပန်းကန်တစ်ချပ်နဲ့ပစ်ပေါက်ရင်း မိတ်ဆွေဖွဲ့ကြတာမျိုးလည်း ရှိလေရဲ့။

 

တစ်နှစ်တာကုန်ဆုံးလို့ နောက်ထပ်နှစ်သစ်တစ်နှစ်ကို ကူးပြောင်းလာပါပြီ။ နှစ်စမှာ ကောင်းခြင်းတွေနဲ့ အစပျိုးလိုက်မယ်ဆိုရင် တစ်နှစ်ပတ်လုံး ကောင်းတာတွေပဲဖြစ်မယ်လို့ လူတိုင်းနီးပါး ယုံကြည်ကြပါတယ်။ နှစ်သစ်ကူးကာလကိုလည်း နိုင်ငံအသီးသီးက မတူညီတဲ့ဆင်နွှဲပုံတွေကို လေ့လာရတာ စိတ်ဝင်စားစရာပါပဲ။

play

 

စပိန်

နှစ်သစ်မှာ စပျစ်သီး ၁၂ လုံး စားပြီး နှစ်သစ်ကူးကြပါတယ်။ စပျစ်သီး ၁၂ လုံးစားရင် လာမယ့် ၁၂ လလုံးလုံး ကံကောင်းနိုင်တယ်လို့ ယူဆကြပါတယ်။

play

 

ဂျပန်

ဂျပန်နိုင်ငံမှာတော့ ထင်းရှုးကိုင်းတွေကို အိမ်မှာအလှဆင်ချိတ်ဆွဲပြီး နှစ်သစ်ကိုကြိုဆိုကြပါတယ်။ ထင်းရှုးကိုင်းတွေက အသက်ရှည်ခြင်းရဲ့သင်္ကေတလို့ ယူဆကြလို့ပါ။ တချို့တွေကတော့ ချမ်းသာကြွယ်ဝခြင်းကို အဓိပ္ပာယ်ဖော်ဆောင်တဲ့ ဝါးခက်လေးတွေကိုလည်း ချိတ်ကြပါတယ်။

play

 

ဂရိ

ဂရိနိုင်ငံကတော့ နည်းနည်းပိုဆန်းပါတယ်။ ပေါင်မုန့်လုံးလေးထဲကို အကြွေစေ့တစ်စေ့ထည့်ပြီး ဖုတ်ပါတယ်။ တစ်စုံတစ်ယောက်ကများ ပေါင်မုန့်ကိုလှီးလိုက်လို့ တတိယမြောက်ပေါင်မုန့်ချပ်မှာ အကြွေစေ့ရှိနေခဲ့ရင် ဆောင်းရာသီစောစောရောက်မယ်လို့ ယုံကြည်ကြပါတယ်။ ဂရိက ပူပြင်းတဲ့နိုင်ငံဆိုတော့ ဆောင်းရာသီကိုမျှော်ကြပါတယ်။

play

 

ဒိန်းမတ်

ဇန်နဝါရီ ၁ ရက်နေ့ရောက်တာနဲ့ တစ်စုံတစ်ယောက်ရဲ့အိမ်တံခါးဝမှာ ပန်းကန်တစ်ချပ်သွားပစ်ချထားပါသတဲ့။ ဒါက နှုတ်ဆက်တဲ့သဘောနဲ့ ချထားကြတာပါ။ ဒီလိုနဲ့ပဲ ရင်းနှီးသွားကြပါသတဲ့။

Source : BTips

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ