Food & Travel: ထမင်းစားချိန်တွေကြားမှာ သရေစာ စားတဲ့ အကျင့်ကို ဘယ်လိုဖျောက်မလဲ

မနက်စာကိုတော့ လုံးဝ လွတ်လို့ မဖြစ်ပါဘူး။

play

 

၁ - သုံးနပ်

ကြားထဲမှာ သားရစာမစားမိအောင် ထမင်းသုံးနပ် ပုံမှန်စားဖြစ်ဖို့ အရေးကြီးပါတယ်။ စားတဲ့အခါမှာလည်း အသားနဲ့ အသီးအရွက်တွေ ပါဝင်ပြီး ပရိုတိန်းမျှတအောင် စားသင့်ပါတယ်။

၂ - ပရိုတိန်း

ပရိုတိန်းမြင့်မားတဲ့ အစားအစာများကို များများစားပေးပါ။ အဆိုပါ အစားအစာတွေဟာ သင့်ကိုဗိုက်ပြည့်နေတယ်ဆိုတဲ့ ခံစားချက်မျိုး ကြာမြင့်စွာ ပေးထားနိုင်ပါတယ်။

play

 

၃ - ကြာကြာစားပါ

စားတဲ့အခါမှာလည်း အချိန်ယူပြီးစားပါ။ အစာကို ညက်နေအောင် ဝါးခြင်းဟာ သင့်အစာအိမ်ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။

၎ - အချိန်သတ်မှတ်

မနက်၊နေ့လယ်နဲ့ ညစာတွေ စားမယ့်အချိန်ကို သတ်မှတ်ပါ။ အဆိုပါအချိန်တွေမှာ ပုံမှန်စားပေးခြင်းကနေ  နေ့စဉ်ပိုစားမိတာတွေ၊ လျှော့စားမိတာတွေ နည်းလာပါတယ်။

play

 

၅ - သရေစာ

သရေစာ စားတဲ့အကျင့်ရှိတာကို ချက်ချင်းဖျက်ဖို့ ခက်နေတယ်ဆိုရင် နည်းနည်းစီလျှော့ချပါ။ ယခင်က နေ့လယ်ဘက် အာလူးကြော်တစ်ထုပ်စားတယ်ဆိုရင် သုံးပုံနှစ်ပုံလောက်ပဲ စားပါ။ နောက်ပိုင်း တစ်ဝက်စားပါ။ နောက်ပိုင်းနည်းနည်းစားရာကနေ လုံးဝမစားတော့တဲ့ထိ လျှော့ချပါ။

၆ - ပီကေ

ဗိုက်မဆာဘဲ သရေစာ စားချင်စိတ်ဖြစ်လာတယ်ဆိုရင် ပီကေစားခြင်းနဲ့လည်း ဖြေဖျောက်လို့ ရပါတယ်။

play

 

၇ - ရေ

သရေစာ စားချင်စိတ်ဖြစ်လာတိုင်း ရေသောက်ပါ။

၈ - အစားထိုး

သရေစာ စားမယ့်အစား သူငယ်ချင်းကိုဖုန်းခေါ်တာ၊ လမ်းလျှောက်ထွက်တာမျိုး လုပ်ပါ။

Photos & Source: wikiHow

သားရေစာကို ဘယ်အချိန်မှာ သင်စားတတ်လဲ»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ