Food & Travel: တလည်းသီးကို အလွယ်ကူဆုံးနည်းနဲ့ အခွံနွှာအစေ့ထုတ်မယ်

နည်းလမ်းကိုသိထားရင် လွယ်လွယ်လေးပေါ့။

play

 

သလဲသီး (တလည်းသီး)ကို ကြိုက်တဲ့လူတွေမှာ အခွံနွှာရကတော့ စိတ်မရှည်ချင်စရာပါပဲ။ အခြားအသီးတွေကို အခွံနွှာသလို အပေါ်ယံကို ဓားနဲ့နွှာလို့လည်းမရ၊ အခြားအသီးတွေလိုမျိုး အလယ်ကနေ ဓားနဲ့ပိုင်းလိုက်ရင်လည်း အထဲကအစေ့လေးတွေ ပုံစံပျက်ပြီး မလှတော့ဘူးလေ။ အလွယ်ကူဆုံးနည်းနဲ့ အခွံနွှာ၊ အစေ့ထုတ်ချင်ရင်တော့ ဓားတစ်လက်၊ သစ်သားဇွန်း (ဒါမှမဟုတ် သစ်သားယောင်းမအသေး)တစ်ချောင်းနဲ့ အစေ့တွေထည့်ဖို့ ခွက်တစ်ခုပဲလိုပါတယ်။

play

 

ပထမဆုံးအနေနဲ့ အသီးရဲ့ထိပ်ဘက်ကို ဓားနဲ့လှီးပြီးဖြတ်လိုက်ပါ။ အထဲက အစေ့လေးတွေနဲ့ အမြှေးပါးလေးတွေကို မြင်ရလာပါလိမ့်မယ်။

အမြှေးပါးလေးတွေရှိတဲ့အတိုင်း အပြင်ခွံကို ဓားနဲ့အရာပေးလိုက်ပါ။ အခွံလည်းပါအောင် အထဲကအစေ့လေးတွေလည်းမထိအောင် လက်ကိုချိန်ဆဖို့တော့လိုပါတယ်။

 

အရာပေးထားတဲ့အတိုင်း သလည်းသီးရဲ့အပြင်ခွံကို လက်နဲ့ခွာလိုက်ရင် အမွှာလေးတွေ ရပြီပေါ့။ လက်နဲ့တစ်စေ့ချင်းစီ အစေ့ထုတ်ရင်း အချိန်မကုန်ဖို့အတွက် သစ်သားဇွန်းလေးနဲ့ အပြင်ခွံကို ပုတ်ပေးပါ။ အစေ့တွေ အလိုလိုပြုတ်ကျလာမှာဖြစ်ပါတယ်။

Source : Natasha Kitchen

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ