Food & Travel: ဝိတ်ချနေသူ စားသင့်၊ ရှောင်သင့်တဲ့ အခွံမာအသီးများ

တစ်ဖက်မှာကောင်းကျိုးပေးသလို တစ်ဖက်မှာလည်း ဝိတ်တက်စေမယ့်ရလဒ် သက်ရောက်ပါတယ်။

play

 

အခွံမာသီးတွေဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အသီးတွေဖြစ်လို့ စားသုံးပေးသင့်ကြောင်း ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းလေ့ရှိပါတယ်။ အချို့အခွံမာသီးတွေကျတော့လည်း တစ်ဖက်မှာကောင်းကျိုးပေးသလို တစ်ဖက်မှာလည်း ဝိတ်တက်စေမယ့်ရလဒ် သက်ရောက်ပါတယ်။ အကြောင်းကတော့ ကယ်လိုရီပမာဏ များပြားစွာ ပါဝင်နေလို့ပါပဲ။ ဒီတော့ ဝိတ်ချနေသူတွေ စားသင့်၊ ရှောင်သင့်တဲ့ အခွံမာအသီးတွေကို ဖော်ပြလိုက်ပါတယ်။

play

 

၁။ ဝိတ်ချနေသူတွေအတွက် အကောင်းဆုံးအခွံမာသီးများ

သစ်ကြားသီး ၊ အယ်လ်မွန်နဲ့ သီဟိုဠ်စေ့တို့ဟာ ကိုယ်အလေးချိန် လျော့ကျလိုသူတွေအတွက် အကျိုးဖြစ်စေတဲ့ အသီးတွေပါ။ ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ ဒါတင်မက ကယ်လိုရီပမာဏနဲ့ အဆီပါဝင်မှုနှုန်း နည်းပါးတဲ့ အခွံမာသီးတွေဖြစ်ပါတယ်။ ဆီနဲ့ကြော်ထား၊ လှော်ထားတာမျိုးတော့ မစားပါနဲ့။

play

 

၂။ ဝိတ်ချနေသူတွေ ရှောင်ရမယ့် အခွံမာသီးများ

မတ်ကာဒေးမီးယန်းလို့ခေါ်တဲ့ အခွံမာအသီးလေးတွေရဲ့ အရသာက ချိုချိုဆိမ့်ဆိမ့်လေးဆိုတော့ စားပြီးရင်းစားချင်လာပါတယ်။ အသီး ၁၀ စေ့မှ ၁၂ စေ့ကို ပရိုတိန်း ၂ ဂရမ်သာပါပေမဲ့ အဆီ ၂၁ ဂရမ် ပါဝင်ပါသတဲ့။ ဝိတ်ကျချင်ရင် ဝေးဝေးရှောင်ရမယ့် အခွံမာအသီးဖြစ်ပါတယ်။ ပီကန်လို့ခေါ်တဲ့ အသီးလေးတွေက အမေရိကမှာဆို ပိုပေါပါတယ်။ ဒီအသီးလေးတွေကလည်း ပရိုတိန်းနည်းနည်း အဆီခပ်များများပါဝင်နေလို့ ရှောင်ရမယ့်အရာပါပဲ။ နှစ်မျိုးလုံးက ကယ်လိုရီတွေလည်း ပမာဏများပြားစွာ ပါဝင်ပါတယ်။

Source : Health

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ