Food & Travel: သခွားသီးနဲ့ထောပတ်သီး ပေါင်းစပ်တဲ့ သီးစုံသုပ်ပြုလုပ်နည်း

ဝိတ်ချချင်သူတွေလည်း ကြိုက်မယ်လို့ ယုံကြည်ပါတယ်။

play

 

အချိုပွဲအနေနဲ့ဖြစ်ဖြစ် အဆာပြေပဲဖြစ်ဖြစ် သီးစုံသုပ်လေး လုပ်စားကြည့်ရအောင်ပါ။ ဒီတစ်ခါတော့ သခွားနဲ့ ထောပတ်သီးကို အဓိကထားပြီး ပြုလုပ်ပါမယ်။

play

 

လိုအပ်တဲ့အရာတွေကတော့ - သခွားအသေး ၆ လုံး (လေးထောင့်ပုံစံတုံးထားပါ)၊ ချယ်ရီခရမ်းချဉ်သီး ၁၅ လုံး (လေးစိပ်စိပ်ပါ)၊ ထောပတ်သီး (လေးထောင့်တုံးထားပါ)၊ ကြက်သွန်နီအသေးတစ်လုံး (အကွင်းလိုက်လှီးထားပါ)။ တရုတ်နံနံ ၂ ပင် (ခပ်သေးသေးလှီးထားပါ)၊ သံလွင်ဆီ ၆၀ မီလီလီတာ ၊ သံပရာသီးတစ်လုံး (အရည်ညှစ်ယူပါ)၊ ကြက်သွန်ဖြူ (နုတ်နုတ်စင်းထားပါ)၊ ဆား လက်ဖက်စားဇွန်း ၁ ဇွန်းနဲ့ ထောင်းထားတဲ့ငြုပ်ကောင်းစေ့ လက်ဖက်စားဇွန်းတစ်ဝက်စာတို့ လိုအပ်ပါတယ်။

play

 

အားလုံးကို ခွက်တစ်လုံးထဲမှာထည့်ပြီး သမအောင်မွှေပေးလိုက်မယ်ဆိုရင် သီးစုံသုပ်လေးရပါပြီ။ သခွားသီးက ရင်အေးစေပြီး ထောပတ်သီးကတော့ အဆာခံနိုင်မှာဖြစ်လို့ ဝိတ်ချချင်သူတွေလည်း ကြိုက်မယ်လို့ ယုံကြည်ပါတယ်။ ပိုပြီးအရသာရှိချင်ရင်တော့ သံလွင်သီးလေးတွေထည့်ပြီး သုံးဆောင်နိုင်ပါတယ်။

Source : Healthyfoodie

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ