အစားအစာတွေကို အာရုခံမှုပိုကောင်းတယ်။
 

အစားအစာ စားတဲ့အခါ ဘာကြောင့်မှန်းမသိဘဲ လက်နဲ့စားရတာက အရသာ ပိုရှိတယ်လို့ ခံစားရတတ်ကြပါတယ်။ ဒါဟာ သင့်ရဲ့ စားသောက်ခြင်းဖြစ်စဉ်မှာ လက်ရဲ့ ထိတွေ့ခံစားမှုပါ ပါဝင်လာလို့ ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေနဲ့ အများပြည်သူရှေ့မှာ လက်နဲ့ စားဖို့က မလွယ်ပါဘူး။ ဒါပေမဲ့ လက်နဲ့စားရင် ပိုကောင်းတဲ့ အချက် (၅) ချက်ရှိပါတယ်။

၁ - ဝိတ်ကျတယ်

နယူးဇီလန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ လက်နဲ့စားခြင်းဟာ ကိရိယာတွေနဲ့စားတာထက် အစားအစာတွေကို အာရုခံမှုပိုကောင်းတယ်လို့ဆိုပါတယ်။ ဗိုက်ပြည့်သွားတယ်ဆိုတဲ့ ခံစားမှုကို ပိုရလွယ်ပါတယ်။

၂ - အစာခြေဖျက်မှု

 

အစားအစာတွေကို လက်နဲ့ထိတွေ့လိုက်တဲ့အချိန်မှာ ဦးနှောက်က အစာအိမ်ကို စားတော့မယ်ဆိုတဲ့ သတိပေးချက် ပို့လွှတ်လိုက်ပါတယ်။ ဒီလို အစားအစာကို လက်ခံဖို့ ခန္ဓာကိုယ်ကို အသင့်ဖြစ်နေစေမှုဟာ အစာခြေဖျက်မှုကို ပိုကောင်းစေပါတယ်။

၃ - သွေးချိုဆီးချို

 

လက်နဲ့စားခြင်းဟာ အစာနည်းနည်းနဲ့ ဗိုက်ပြည့်သွားတယ်ဆိုတဲ့ ခံစားချက်ကို ပိုရလွယ်ပါတယ်။ မကြာသေးခင်က ပြုလုပ်ထားတဲ့ သုတေသန တစ်ခုအရ အဆင့် ၂ သွေးချိုဆီးချို သမားတွေဟာ ရောဂါမရှိသူတွေထက် ပိုမြန်မြန်စားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လက်နဲ့စားတဲ့အခါ သင့်ရဲ့စားသောက်နှုန်းဟာ နှေးကွေးသွားပြီး နည်းနည်းပဲ စားဖြစ်ပါတယ်။

၄ - သန့်ရှင်းမှု

 

လက်နဲ့စားမယ်ဆိုရင်တော့ ဆပ်ပြာနဲ့လက်ကို သေချာဆေးရမှာဖြစ်ပါတယ်။ ဒီတော့ စားတဲ့အခါတိုင်း လက်ဆေးဖြစ်တာကြောင့် ကိရိယာတွေနဲ့ စားတာထက် သင့်လက်ကို ပိုဆေးဖြစ်ပါတယ်။ လက်ကျန်းမာရေးကိုလည်း ပိုဂရုစိုက်ဖြစ်သွားပါတယ်။

၅ - အားရမှု

 

လက်နဲ့စားရတာက ပိုပြီးအားရပါတယ်။ အရိုးပါတဲ့ အစားအစာတွေ စားရတာ၊ ကြက်ပေါင်စားရတာမျိုးတွေမှာ ကျေနပ်မှုကို ပိုဖြစ်စေပါတယ်။ သင်လိုသလိုလည်း စားသုံးနိုင်ပါတယ်။ စားနေတုန်း ကျေနပ်အားရမှုရှိမှ စားရတာက မြိန်တာပါ။

(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး - ဝက်ခြံတွေပေါက်နေချိန်မှာ ဒါတွေမစားပါနဲ့)

Photos & Source: Candy

Share

Loading Next Article...
က္က