ကော်ဖီက အများကြီးသောက်လို့မရဘူး။ ရေနွေးဆို စိတ်ကြိုက်သောက်လို့ရတယ်။
 

ကော်ဖီသောက်ခြင်းဟာ လူကို နိုးကြားလန်းဆန်းစေပါတယ်။ အိပ်ငိုက်နေရင် ကော်ဖီလေးတစ်ခွက်လောက်တော့ သောက်လိုက်တာပဲ။ ဒါပေမဲ့ ရေနွေးကြမ်းကိုတော့ သိပ်မသောက်ဖြစ်တာ များနေတယ်လေ။ ရေနွေးကြမ်းသောက်ခြင်းရဲ့ ကောင်းကျိုးတွေကိုသာ သိမယ်ဆို ရေနွေးကြမ်း သောက်ဖြစ်လာပါလိမ့်မယ်။ ကော်ဖီထက် ရေနွေးကြမ်းကို ရွေးသင့်တဲ့ အကြောင်းရင်းတွေလည်း အများကြီးပါပဲ။

၁။ သောက်လို့ကောင်းပြီး လူကို လန်းဆန်းစေပါတယ်။ နိုးကြားလန်းဆန်းနေတဲ့အခါ အာရုံစူးစိုက်မှုလည်း ပိုကောင်းလာပါတယ်။

 

၂။ ရေနွေးကြမ်းလေး သောက်နေရတဲ့ ခံစားချက်က လူကို နေလို့ကောင်းနေစေတာပါ။ တစ်စုံတစ်စုံနဲ့ ပွေ့ဖက်ထားရသလိုကို ခံစားမိတာပေါ့။ တကယ်တမ်းတော့ မတ်ခွက်နွေးနွေးလေးကိုက ကိုယ့်စိတ်ကို နွေးထွေးစေတာပါ။

၃။ မြန်မာဆိုတော့ မြန်မာ့လက်ဖက်ရည် ကြိုက်တာပေါ့။ ရေနွေးကြမ်းလေးနဲ့ ဧည့်ခံတဲ့ဓလေ့ဟာ ဟိုးယခင်ကတည်းက မြန်မာ့အစဉ်အလာတစ်ခု ဖြစ်ပါတယ်။

၄။ ၂၀၁၅ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့တဲ့ သုတေသန ရလဒ်တစ်ခုမှာတော့ အသက် ၇၀ မှ ၈၀ ကြား အမျိုးသမီးတွေဟာ ရေနွေးကြမ်းသောက်ခြင်းကြောင့် ပိုမိုအသက်ရှည်စေတယ်လို့ သိရပါတယ်။ ပျမ်းမျှအားဖြင့်တော့ တစ်နေ့ကို ရေနွေးကြမ်း ၂ ခွက် သောက်သင့်ပါတယ်။

 

၅။ အနံ့အရသာ အစုံရှိတယ်။ ပူရှိန်း၊ သံပရာ၊ မက်မွန်၊ ဘယ်ရီ၊ နှင်းဆီ၊ စံပယ်၊ ကောက်ညှင်းမွှေး စတဲ့ အနံ့အရသာပေါင်းစုံကို ရနိုင်တော့ ကိုယ့်စိတ်ကြိုက် ရွေးနိုင်တာပေါ့။ သင်းပျံ့တဲ့ရနံ့နဲ့ နွေးထွေးတဲ့ ရေနွေးကြမ်းက စိတ်ခံစားချက်ကို ကောင်းမွန်စေတယ်လေ။

၆။ သင်သိပါသလား၊ ရေနွေးကြမ်းမှာ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ (antioxidant) ပါဝင်ပါတယ်။ ဒါကြောင့်မို့လို့ သင့်ကို သက်ရှည်နုပျိုစေပါလိမ့်မယ်။

၇။ ကဖင်းဓာတ် များများသောက်ရင် လူကို ဘေးဥပါဒ်ဖြစ်စေနိုင်ပါတယ်။ ကော်ဖီနဲ့ယှဉ်ရင် ရေနွေးကြမ်းက ကဖင်းဓာတ်နည်းပါးစွာ ပါဝင်လို့ တစ်နေ့ ၆ ခွက်လောက် သောက်လည်း သင့်ကို ဒုက္ခမဖြစ်စေပါဘူး။

၈။ ရေနွေးကြမ်းမှာ ကယ်လိုရီ လုံးဝ (လုံးဝ) မပါဝင်ပါဘူး။ သောက်ချင်သလောက်သောက် ဝိတ်တက်မှာ မစိုးရိမ်ရဘူးလေ။

 

၉။ နယူးကတ်ဆယ်တက္ကသိုလ်က ထုတ်ပြန်တဲ့ အချက်အလက်အရ တစ်နေ့ကို ရေနွေးကြမ်း ၃ ခွက် ပုံမှန်သောက်တဲ့ ကလေးတွေဟာ သွားကြံ့ခိုင်မှုအားကောင်းလာတယ်လို့ ဆိုပါတယ်။ သွားကြွေလွှာမပျက်စီးအောင် ကာကွယ်တဲ့ ဖလူအိုရိုက် (fluoride) တွေ လုံလောက်အောင် ကူညီပေးပါသတဲ့။

၁၀။ ကိုယ်ခံစွမ်းအားစနစ်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ရေနွေးကြမ်းမှာပါဝင်တဲ့ ဓာတ်တွေက ခန္ဓာကိုယ်တွင်းက သွေးဖြူဥဆဲလ်တွေ ထုတ်လုပ်မှုကို လှုံံ့ဆော်ပေးတာကြောင့် ကိုယ်ခံစွမ်းအား ကောင်းလာစေပါတယ်။

Source : Huffpost


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က