ဓာတ်ပုံဆရာရဲ့ လက်စွမ်းကို ခံစားကြည့်ကြည့်ပါ။
 

အမေရိကတလွှားကို မိုင်ပေါင်း ၁၀၀၀၀ ဝန်းကျင် ခရီးဆန့်ခဲ့တဲ့ တူရကီသား Büyüktas ဟာ ထူးခြားဆန်းပြားတဲ့ လမ်းတွေကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ တချို့လမ်းတွေက လှပသလို တချို့လမ်းတွေကတော့ ရင်သပ်ရှုမောစရာကောင်းလောက်အောင် ဆန်းပါတယ်။ Büyüktas က ဓာတ်ပံတွေကို ရိုက်ကူးရာမှာ ဒရုန်းကို အသုံးပြုခဲ့ပြီး အချိန်နှစ်လကြာ ဓာတ်ပုံရိုက်ကူးရေးခရီး သွားခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ပုံတွေကိုလည်း အင်စတာဂရမ်နဲ့ ဖေ့စ်ဘွတ်ခ်အကောင့်မှာ တင်ထားပါတယ်။

 

၁။ ဒီပုံက အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်က ရထားတွဲဟောင်းတွေရဲ့ပုံပါ။ ရထားလမ်းတွေက တစ်ခုနဲ့တစ်ခု နီးကပ်ပြည့်ကျပ်နေပါတယ်။ အသုံးပြုခြင်းမရှိတဲ့ ကုန်တင်ရထားတွဲတွေလို့ သိရပါတယ်။

 

၂။ New Mexico က ကားဟောင်းတွေပါ။ ကားသချႋုင်းလို့ ဆိုရမလားပဲ။ မသုံးတော့တဲ့ ကားစုတ်တွေကာ ကင်မရာမြင်ကွင်းထဲ အပြည့် ရှိနေခဲ့ပါတယ်။

 

၃။ ရုတ်တရက် ကြည့်လိုက်ရင် ဘာမှန်းမသိရဘူး။ ၂၀၁၀ ခုနှစ်တုန်းက ဒါရိုက်တာခရစ္စတိုဖာနိုလန် ရိုက်ကူးပြသခဲ့တဲ့ Inception ဇာတ်ကားထဲကလို မျက်စိထဲ ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားလောက်ပါတယ်။ တကယ်တော့ ဒါက ကယ်လီဖိုးနီးယားပြည်နယ်က ကားရပ်နားရာ နေရာတစ်ခုဖြစ်ပါသတဲ့။

 

၄။ ဒီလိုထူးခြားတဲ့ပုံတွေကို ရဖို့ Google Earth ကို အသုံးပြုပြီး အချိန် နှစ်လကြာ ခရီးသွားခဲ့ရတယ်လို့ Büyüktas က ဆိုပါတယ်။ ပုံမှာ မြင်ရတာကတော့ တက္ကဆက်ပြည်နယ်တွင်းက ရိတ်သိမ်းပြီးသား လယ်ကွင်းကြီးတစ်ခု ဖြစ်ပါတယ်။

Source & Photos : Mail Online

Share

Loading Next Article...
က္က