ပိန်ချင်တယ်... ဒါပေမဲ့ အိပ်ခါနီးလေးတော့ တစ်ခုခုစားလိုက်ရမှဆိုရင် ဒါတွေပဲစားပါ။
 

အမျိုးသမီးတွေကြားမှာ တစ်နေ့တစ်ခြား ပိုမိုပျံ့နှံ့လာတာက ကိုယ်ခန္ဓာလှပရေးပါပဲ။ သူများတွေကို အကိတ်မဖြစ်နေရင်နေပါ မဝရင်ဘဲ ကျေနပ်ပါပြီဆိုသူတွေလည်း အများကြီး။ ဝိတ်ကလည်းကျချင်တယ် အစားတော့မလျှော့နိုင်ဘူးဆိုရင်တော့ ခက်ရချေရဲ့။ အဆိုးဆုံးကတော့ အိပ်ခါနီးမှာ စားချင်သောက်ချင်နေတာပါပဲ။ အိပ်ခါနီးစားသမျှ သောက်သမျှက ကိုယ့်ကိုပိုပြီး ဝိတ်တက်စေမှာပါ။ မနေနိုင်လို့ စားချင်တယ်ဆိုရင်တော့ ဒါတွေကိုရွေးပါလို့ အကြံပြုလိုက်ပါတယ်။

 

၁။ အဆီမပါတဲ့ဒိန်ချဉ်

အဆီမပါတဲ့ ဒိန်ချဉ်/မလိုင်မှာ ကယ်လိုရီ ၁၅၀ လောက်တော့ ပါဝင်နေပါတယ်။ အသားဓာတ်ကို တောင့်တနေတဲ့ ခန္ဓာကိုယ်အတွက် အထိုက်အလျောက်တော့ ကျေနပ်မှုကို ရစေမှာပါ။ ဒါ့အပြင် ဒိန်ချဉ်စားခြင်းက အစာအိမ်ကို တည်ငြိမ်နေစေလို့ စားပြီးအိပ်လိုက်ပေမဲ့ မနက်နိုးတဲ့အခါ ရင်ပူတာမျိုးလည်း မဖြစ်စေပါဘူး။

 

၂။ ကြက်ဆင်သား

ကြက်ဆင်သားဟာ အိပ်စက်ခြင်းကို အထောက်အကူဖြစ်စေတဲ့ tryptophan တွေ ပါဝင်လို့ အိပ်ခါနီးစားမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ဒိန်ချဉ်စားရုံလောက်နဲ့ အာသာမပြေဘူးဆိုရင် အဆီပါဝင်မှုနည်းပါးပြီး အသားဓာတ်ပါဝင်တဲ့ ကြက်ဆင်သားလေး ၂ တုံးလောက်တော့ စားလို့ရပါတယ်။ ချက်ထားတဲ့ဟင်းတုံးတော့ မဖြစ်ရပါဘူး။ ကင်ထားတာမျိုးကိုသာ ရွေးချယ်ပါ။

 

၃။ ပန်းသီး

ပန်းသီးမှာ အမျှင်ဓာတ်တွေ များစွာ ပါဝင်ပါတယ်။ ဒါကြောင့်မို့လို့ ဆာလောင်မှုကိုလည်း ထိန်းထားနိုင်တယ်လေ။ နောက်ထပ် အားသာချက်တစ်ခုကတော့ ပန်းသီးစားထားရင် အနံ့အရသာကြောင့် စိတ်ကိုအေးချမ်းစေပြီး အိပ်စက်ဖို့လည်း အကူအညီဖြစ်စေပါတယ်။

 

၄။ အဆီမပါတဲ့ ချောကလက်ပူတင်းခွက်

ခရင်မ်ပါတာလေးတွေ စားလိုက်ရရင် စိတ်ထဲမှာ ကျေနပ်သွားတယ်လေ။ ပူတင်းခွက်လေးတွေ စားရတဲ့အခါတိုင်းမှာ စိတ်ခံစားချက်ကောင်းသွားသလို ချောကလက်ကလည်း စိတ်ကိုပျော်ရွှင်စေပါတယ်။ ချောကလက်ပူတင်းခွက်လေးဆိုရင်တော့ စားချင်ဝါးချင်နေတဲ့စိတ်ကို ပြေသွားလောက်မှာပါ။ ဒါပေမဲ့ ပူတင်းခွက်တစ်ခုမှာ ကယ်လိုရီ ၉၀ လောက် ပါတာဆိုတော့ နည်းနည်းပဲစားပေါ့။

 

၅။ မုန်လာဥနီ

မုန်လာဥနီက မျက်စိအတွက်လည်း အထောက်အကူကောင်းဖြစ်ပါတယ်။ အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ မုန်လာဥနီသေးသေးလေးတွေကို တဂျွတ်ဂျွတ် ကိုက်ဝါးလိုက်ရင် ဆာလောင်နေတဲ့စိတ်က အာသာပြေသွားမယ်ထင်ပါတယ်။ အရသာကလည်း ချိုချိုလေးဆိုတော့ အိပ်ခါနီး စားချင်လာရင် စားလိုက်ပါ။

 

၆။ ငှက်ပျောသီး

ငှက်ပျောသီးစားရင် ဗိုက်မဆာတော့ဘူးလေ။ ဒါတင်မက နောက်ထပ် အားသာချက်က အိပ်စက်မှုကို အထောက်အကူဖြစ်စေတာပါပဲ။ ကယ်လိုရီလည်း နည်းနည်းပဲ ပါဝင်ပါတယ်။

Source : Women Health

Share

Loading Next Article...
က္က