ကမ်းခြေသွားတိုင်း စိတ်လန်းဆန်းပြီး ပျော်ရတယ်...
 

စိတ်လက်အပန်းဖြေစရာ အကောင်းဆုံးနေရာကတော့ ကမ်းခြေပါပဲ။ ပင်လယ်လေကိုရှု၊ အုန်းစိမ်းရေလေးသောက်ရင်း မျက်စိတဆုံး ကျယ်ပြန့်နေတဲ့ ပင်လယ်ပြင်ကြီးက စိတ်ညစ်စရာတွေကို မောင်းထုတ်ပေးမှာပါ။ ကမ်းခြေတွေကို နှစ်သက်သူတွေက ခရီးသွားဝက်ဘ်ဆိုက်တစ်ခုမှာ ဖြေကြားသွားခဲ့ကြတဲ့ ကမ္ဘာ့အလှဆုံး ကမ်းခြေတွေကို ဖော်ပြလိုက်ပါတယ်။

 

၁။ Honokalani

ဟာဝိုင်အီကျွန်းထဲက မာဝီကျွန်းစု၊ Wai'anapanapa State Park မှာ ရှိပါတယ်။ ဟိုနိုကာလာနီကမ်းခြေကို ဓာတ်ပုံဆရာတွေရဲ့ အိပ်မက်ကမ်းခြေလို့ ဆိုကြတယ်။ အရမ်းကိုလှတဲ့ ကမ်းခြေပေါ့။ သဘာဝအတိုင်းလေး လှနေတာမို့လို့လည်း ဖြစ်ပါလိမ့်မယ်။

 

၂။ Honopu

ဟာဝိုင်အီကျွန်းလို့ ပြောလိုက်တာနဲ့ ရင်ခုန်ချင်စရာကောင်းနေပါပြီ။ Cathedral ကမ်းခြေလို့လည်း သိကြပါတယ်။ လူသူ အရောက်အပေါက်နည်းပါးပြီး သဘာဝအလှတရားတွေကို အပြည့်အဝ ခံစားရမယ့် နေရာတစ်ခုပါ။

 

၃။ Sunset

 ဒါလည်းပဲ ဟာဝိုင်မှာ တည်ရှိတာပါ။ Sunset ကမ်းခြေမှာ ဆောင်းရာသီအချိန်ဆို လှိုင်းစီးရတာ သိပ်ကောင်းဆိုပဲ။ ကမ္ဘာပေါ်က ကမ်းခြေတွေအားလုံးထဲမှာ sunset ကမ်းခြေက လှိုင်းတွေဟာ အလှဆုံးပဲလို့လည်း ဆိုကြပါတယ်။ နွေရာသီဆို ရေကကြည်လင်တည်ငြိမ်နေပြီး ရေငုပ်လို့ကောင်းပါတယ်။ နာမည်နဲ့ညီစွာ ဆည်းဆာအချိန်ဆို သိပ်လှနေပါတယ်။

 

၄။ El Nido

အယ်လ်နီညိုတော့ မဟုတ်ပါဘူး။ ဖိလစ်ပိုင်နိုင်ငံက အယ်လ်နီဒို ကမ်းခြေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့လည်း နီးတော့ သွားရလွယ်တာပေါ့။ သဲဖြူဖြူတွေရှိတဲ့ ကမ်းခြေဟာ အခြားကမ်းခြေတွေနဲ့ ကွဲပြားပါတယ်။ ပင်လယ်ရေကလည်း အရမ်းပြာလို့ ကာရစ်ဘီးယန်းပင်လယ်အလားပါပဲလို့ ရောက်ဖူးသူတွေကဆိုတယ်။

 

၅။ Reduit

ကာရစ်ဘီးယန်း နိုင်ငံတစ်ခုဖြစ်တဲ့ စိန့်လူစီယာနိုင်ငံက Reduit ကမ်းခြေဟာ Pigeon Island အမျိုးသားဥယျာဉ်နဲ့ ၁၀ မိနစ်အကွာမှာ ရှိတာမို့ အပန်းဖြေသူတို့ အကြိုက်တွေ့တဲ့ ကမ်းခြေဖြစ်ပါတယ်။ ကာရစ်ဘီးယန်းပင်လယ်ရဲ့ အလှအပတွေနဲ့ ကြည်လင်ပြာလဲ့တဲ့ ရေပြင်ဟာ စိတ်ကို ပျော်ရွှင်စေမှာပါ။ အစားအသောက်ကောင်းတွေလည်း ရသလို အေးအေးလူလူအနားယူနိုင်မယ့် အဆင့်မြင့် resort တွေလည်း ရှိပါတယ်။

Source & Photos : CN Traveler


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က